ရန်ကုန် ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ယနေ့ နိုဝင်ဘာ ၁၇ ရက် နေ့လည်ပိုင်းတွင် မော်တော်ယာဉ် တစ်စီးသည် ဒေသန္တရလက်လုပ်နင်းမိုင်း နင်းမိပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါရှိသူ ၃ ဦး သေဆုံးခဲ့ကြောင်း နှင့် ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း...
ရန်ကုန် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တော မြို့နယ်၌ စက်တင်ဘာ ၆ ရက်တွင် သတင်းအရ ပူးပေါင်း အဖွဲ့များက ဝင်ရောက် ရှာဖွေခဲ့ရာ ဒေသကာလပေါက်ဈေး ငွေကျပ် ၉,ဝ၉၃.၄ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီး...
ရန်ကုန်၊ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ကျပ် သိန်း ၁၄၀၀ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် စစ်တွေ-ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တော လမ်း နှင့် အဆိုပါ လမ်းပေါ်ရှိ တံတား(၅)စင်းအား ဧပြီ ၁ ရက်တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ် မောင်တော ကုန်သွယ်ရေးစခန်း၏ ပို့ကုန်ပမာဏသည် အမေရိကန် ဒေါ်လာ ၈.၃၁၁သန်းအထိ မြင့်တက်ခဲ့ကြောင်း မောင်တော ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့ ငါးခူရနယ်မြေစခန်းအား ၂၀၁၆ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က တိုက်ခိုက်ခံရသည့် ဖြစ်စဉ်တွင် ပါဝင်သူတစ်ဦးအား ဒီဇင်ဘာ ၁၉ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) မောင်တောမြို့၊ မကျည်းချောင်း ဒုညောင်ပင်ကြီးတောင် ကျေးရွာတာဝန်ခံ ရှာ်ဖိတ်အာမန် (၃၄)နှစ် ၏ နေအိမ်သို့ ဒီဇင်ဘာ ၅ ရက် ည ၉ နာရီခွဲတွင် လူနှစ်ဦး(စီစစ်ဆဲ) ဝင်လာ၍ ၎င်းအား သေနတ်ဖြင့် ပစ်ပြီး ဓါးဖြင့် ခုတ်သတ်ခံခဲ့ရကြောင်း...
ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) မောင်တောမြို့နယ်ရှိ ကျေးရွာပေါင်း ၂၆ ရွာတွင် နေထိုင်ခဲ့ သည့် အိမ်ထောင်စု ၇၉၈ စု၊ လူဦးရေ ၃၅၁ဝ အတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပုဂ္ဂလိက ကုမ္ပဏီတို့က နေအိမ် ၇၉၈ လုံး ဆောက်လုပ်ပေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန...
ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားစဉ် နေရပ်စွန့်ခွာကာ အခြားကျေးရွာများသို့ သွားရောက်နေထိုင်သော မွတ်ဆလင် လူမျိုး ၁၄၁ဦးအား ၎င်းတို့နေထိုင်ရာ မူလနေရပ်သို့ ပြန်လည်ပို့ဆောင်ပေးထားကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ မိုးစပါးစိုက်ဧက ၇ဝဝဝဝ ကျော်အနက် ရိတ်သိမ်းရန် အခက်အခဲဖြစ်ပေါ်နေ သည့် ရင့်မှည့်မိုးစပါးလျာထားဧက ၄၅၁၈၆ ဧကကို စက်မှု လယ်ယာဦးစီးဌာနက ကူဘိုတာ ရိတ်သိမ်း ခြွေလှေ့ စက်ကြီး များဖြင့် စတင် ရိတ်သိမ်းနေပြီဖြစ်ကြောင်း ပြန်ကြားရေး...