Connect with us

Politics, Law & Military

မောင်တောမြို့ ကျေးရွာတာဝန်ခံ အသတ်ခံရ

ကျေးရွာတာဝန်ခံ အသတ်ခံရသော နေရာပြမြေပုံအားတွေ့ရစဉ်(ဓာတ်ပုံ- သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

မောင်တောမြို့၊ မကျည်းချောင်း ဒုညောင်ပင်ကြီးတောင် ကျေးရွာတာဝန်ခံ ရှာ်ဖိတ်အာမန် (၃၄)နှစ် ၏ နေအိမ်သို့ ဒီဇင်ဘာ ၅ ရက် ည ၉ နာရီခွဲတွင် လူနှစ်ဦး(စီစစ်ဆဲ) ဝင်လာ၍ ၎င်းအား သေနတ်ဖြင့် ပစ်ပြီး ဓါးဖြင့် ခုတ်သတ်ခံခဲ့ရကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ ည ၁၀ နာရီ မိနစ် ၄၀ တွင် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိ စစ်ဆေးရာ ၇.၆၂ ကျည်ခွံ တစ်ခု နှင့် အိမ်နံရံအတွင်းမှ ကျည်ထိပ်ဖူးတစ်ခု တွေ့ရှိခဲ့ကြောင်း သိရသည်။ကျေးရွာတာဝန်ခံအား ဓါးဖြင့်ခုတ်၊ သေနတ်ဖြင့် ပစ်ခဲ့သူ နှစ်ဦး (ဖမ်းမမိ)အား မကျီးချောင်းနယ်မြေစခန်း၌ (ပ) ၆၅/၂၀၁၇ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၄၊ လူသတ်မှု ၊ ပူးပေါင်းကြံစည်မှုြုဖင့် အမှုဖွင့်ထားလျက်ရှိကြောင်း သိရသည်။

မောင်တောမြို့နယ် ၊ ကျောက်ပန္တု(စေတီ) ကျေးရွာ မွတ်စလင်များ နေထိုင်သည့် မီးလောင်ထားသော နေအိမ်များ၏ အနောက်ဖက် ၈ ပေခန့်အကွာတွင်လည်း ဒီဇင်ဘာ ၅ ရက် ညနေ ၄ နာရီတွင် လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံးပြုသော ပစ်စတင်အိုးများ ထည့်ထားသည့် ပလပ်စတစ်ပုံး တစ်ပုံးအား မြေကြီး အတွင်း၌ မြှုပ်နှံထားသည်ကို တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်း အဖွဲ့မှ တူးဖေါ်ခဲ့ရာ ပလပ်စတစ်ပုံးထဲတွင် ယမ်းမထည့်ရသေးသည့် ကားပစ်စတင် စုစုပေါင်း ၉၇ လုံးအား တွေ့ရှိခဲ့ပြီး တာဝန်ရှိသူများထံ အပ်နှံခဲ့ကြောင်းသိရသည်။(Xinhua)