Connect with us

Politics, Law & Military

နေရပ်စွန့်ခွာ မွတ်ဆလင် ၁၄၁ ဦးအား မူလနေရပ်သို့ ပြန်လည်ပို့ဆောင်

ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားစဉ် နေရပ်စွန့်ခွာကာ အခြားကျေးရွာများသို့ သွားရောက်နေထိုင်သော မွတ်ဆလင် လူမျိုး ၁၄၁ဦးအား ၎င်းတို့နေထိုင်ရာ မူလနေရပ်သို့ ပြန်လည်ပို့ဆောင်ပေးထားကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ နေရပ်စွန့်ခွာနေထိုင်သူများသည် မိမိတို့ နေထိုင်ရာမူလနေရာသို့ သွားရောက်နေထိုင်လိုကြောင်း တာဝန်ရှိသူများအား သတင်းပေးပို့လာသဖြင့် နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးထားကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်အတွင်း အောက်တိုဘာ ၂၄ ရက်တွင် ကျွန်းပေါက်ကျေး ရွာ နှင့် ဂုပ္ပိကျေးရွာတို့မှ မွတ်စလင် အိမ်ထောင်စု ၂၁ စု ၊ လူဦးရေ ၁၁၉ ဦးတို့ကို လည်းကောင်း၊ နိုဝင်ဘာ ၁ ရက်တွင် ငါးရံ့ချောင်းကျေး ရွာအုပ်စုမှ အိမ်ထောင်စု လေးစု၊ လူဦးရေ ၁၈ ဦး၊ သင်္ဃနက်အုပ်စု ဆူးတောင်ကျေးရွာမှ အိမ်ထောင်စု တစ်စု၊ လူဦးရေ သုံးဦး၊ မီးချောင်းဈေးအုပ်စု၊ ဘိုကြီးချောင်းကျေးရွာမှ အိမ်ထောင်စု တစ်စု၊ လူဦးရေ တစ်ဦးတို့ကို လည်းကောင်း ပြန်လည် ပို့ဆောင်ပေးခဲ့ရာ ယနေ့အထိ စုစုပေါင်း မွတ်စလင် အိမ်ထောင်စု ၂၇ စု၊ လူဦးရေ ၁၄၁ ဦးတို့ကို မူလနေထိုင်ရာ ကျေးရွာများသို့ ပြန်လည်ပို့ဆောင် နေရာချထားပေးခဲ့ပြီး စားနပ်ရိက္ခာအပါအဝင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ထားကြောင်း သိရသည်။(Xinhua)