ဦလန်ဘာတာ ၊ မေ ၄ ရက်(ဆင်ဟွာ) မွန်ဂိုလီးယားနိုင်ငံ၌ COVID-19 တိုက်ဖျက်ရေးအတွက် ကာကွယ်ဆေးထိုးနှံပြီးသော ပြည်သူဦးရေမှာ မေ ၃ ရက် နေ့လည်ပိုင်းတွင် ၁ သန်းအထိ ရောက်ရှိလာခဲ့ကြောင်း မွန်ဂိုလီးယားနိုင်ငံ အစိုးရသတင်းထုတ်ပြန်ရေးရုံးမှ သိရသည်။
ဦလန်ဘာတာ၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) မွန်ဂိုးလီးယားနိုင်ငံ တောင်ပိုင်းနှင့် အလယ်ပိုင်းတွင် လေပြင်းတိုက်ခတ်ခြင်းနှင့် သဲမုန်တိုင်းတိုက်ခြင်း များဖြစ်ပွားလျက်ရှိကြောင်း၊ လေတိုက်နှုန်းမှာ တစ်စက္ကန့်လျှင် ၁၅ မီတာမှ ၂၄ မီတာကြားရှိကြောင်း မိုးလေဝသနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စောင့်ကြည့်လေ့လာရေး အမျိုးသားအေဂျင်စီက ဧပြီ ၂၄ ရက်တွင်ပြောသည်။
ဦလန်ဘာတာ၊ ဧပြီ ၈ ရက် (ဆင်ဟွာ) မွန်ဂိုလီးယားနိုင်ငံတွင် လူပေါင်း ၅၂၉,၉၁၁ ဦးကို COVID-19 ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း မွန်ဂိုလီးယားနိုင်ငံ ကျန်မာရေးဝန်ကြီးက ဧပြီ ၈ ရက်တွင်ပြောသည်။
ဦလန်ဘာတာ၊ မတ် ၁၃ ရက် (ဆင်ဟွာ) မွန်ဂိုးလီးယားနိုင်ငံသည် ဗိုင်းရပ်စ်တိုက်ဖျက်ရေး ကာကွယ်ဆေးများ လျင်မြန် မျှတစွာ ရရှိနိုင်ရေး ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်မှုဖြစ်သော COVAX မှ COVID-19 ကာကွယ်ဆေး ပထမအသုတ်ကို မတ် ၁၂ ရက်တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။
ယူလန် ဘာတာ၊ ဧပြီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်၏ မြို့တော် ကွမ်ကျိုးနှင့် မွန်ဂိုးလီးယားနိုင်ငံ၏ မြို့တော် ယူလန် ဘာတာကြားတွင် ဒေသတွင်း လေကြောင်းပျံသန်းမှု ကွန်ယက်များချဲ့ထွင်ကြိုးပမ်းရန် မွန်ဂိုးလီးယား အမျိုးသားလေကြောင်းလိုင်း(MIAT)၏ အားထုတ်မှုတစ်ရပ်အဖြစ် တိုက်ရိုက်လေကြောင်းကို မတ် ၃၁ရက်က ဖွင့်လှစ်ခဲ့ကြောင်း အဆိုပါလေကြောင်းလိုင်းက ထုတ်ပြန်သော...
ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်၊ မွန်ဂိုလီးယားနှင့် ရုရှားနိုင်ငံတို့သည် နယ်ပယ် ၇ ခုတွင် သုံးနိုင်ငံ စီးပွားရေး စြင်္က ံ တစ်ခု တည်ထောင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယခုတစ်ပတ်အတွင်း ထုတ်ပြန်လိုက်သည့် လမ်းညွှန်ချက်အရ သိရသည်။