Connect with us

Economy

နယ်ပယ် ၇ ခုအား ဦးတည်လျက် တရုတ်-မွန်ဂိုးလီးယား-ရုရှား စီးပွားရေး စြင်္က ံ ထူထောင်မည်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (လယ်)၊ ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် (ဝဲ) နှင့် မွန်ဂိုလီးယားနိုင်ငံ သမ္မတ Tsakhiagiin Elbegdorj (ယာ) တို့အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်၊ မွန်ဂိုလီးယားနှင့် ရုရှားနိုင်ငံတို့သည် နယ်ပယ် ၇ ခုတွင် သုံးနိုင်ငံ စီးပွားရေး စြင်္က ံ တစ်ခု တည်ထောင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယခုတစ်ပတ်အတွင်း ထုတ်ပြန်လိုက်သည့် လမ်းညွှန်ချက်အရ သိရသည်။

အိမ်နီးချင်း သုံးနိုင်ငံတို့သည် မြေပြင်၊ လေကြောင်းနှင့် ပင်လယ်ပြင် ချိတ်ဆက်မှုများ ချဲ့ထွင်ခြင်းဖြင့် သယ်ယူ ပို့ဆောင်ရေး လွယ်ကူချောမွေ့မှု တိုးတက်လာမည် ဖြစ်ကြောင်း အမျိုးသား ဖွံ့ဖြိုးမှုနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်က ထုတ်ပြန်သည့် လမ်းညွှန်ချက်၌ ဖော်ပြထားသည်။ထို စီမံကိန်း၌ ဆိပ်ကမ်း ဝင်ပေါက်များ ပြုပြင်ထိန်းသိမ်းခြင်းနှင့် အကောက်ခွန် ရှင်လင်းရေးအတွက် လုပ်ထုံးလုပ်နည်းများ အလုံးစုံ စစ်ဆေး ပြုပြင်ရေး စသည်တို့ ပါဝင်ကြောင်း သိရသည်။စွမ်းအင်နှင့် သတ္တုရင်းမြစ်များ၊ အဆင့်မြင့် နည်းပညာ၊ ကုန်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် သစ်တော စသည့် ကဏ္ဍများ၌ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

နယ်စပ် ဒေသများ၌ ကုန်သွယ်မှု ချဲ့ထွင်ပြီး ကုန်သွယ်ရေးဆိုင်ရာ ကျယ်ပြန့်သော ဝန်ဆောင်မှု ပေးရန် သဘောတူခဲ့ကြပြီး ပညာရေး၊ သိပ္ပံနှင့် နည်းပညာ၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း၊ ဆေးပညာဆိုင်ရာ စောင့်ရှောက်မှုနှင့် ဉာဏပိုင်ဆိုင်မှု စသည်တို့၌ ပိုမို ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။
ထို့ပြင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်ရေး၊ သက်ဆိုင်ရာ အစိုးရများနှင့် နယ်စပ်ဒေသများ မိတ်ဖက် ဆောင်ရွက်ရန်အတွက် ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။
အဆိုပါ လမ်းညွှန်ချက်အား တရုတ်၊ မွန်ဂိုလီယားနှင့် ရုရှားနိုင်ငံ သမ္မတများ ဥဇဘက်ကစ္စတန်နိုင်ငံ တက်ရှ်ခန့်မြို့၌ ဇွန်လက တွေ့ဆုံခဲ့ပြီးနောက် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117