Connect with us

Asia

တရုတ်နှင့် မွန်ဂိုးလီးယားကြားတွင် လေကြောင်းလမ်း ဖွင့်လှစ်

မွန်ဂိုးလီးယား အမျိုးသားလေကြောင်းလိုင်း(MIAT)မှ လေယာဉ်အားတွေ့ရစဉ်(ဓာတ်ပုံ- အင်တာနက်)

ယူလန် ဘာတာ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်၏ မြို့တော် ကွမ်ကျိုးနှင့် မွန်ဂိုးလီးယားနိုင်ငံ၏ မြို့တော် ယူလန် ဘာတာကြားတွင် ဒေသတွင်း လေကြောင်းပျံသန်းမှု ကွန်ယက်များချဲ့ထွင်ကြိုးပမ်းရန် မွန်ဂိုးလီးယား အမျိုးသားလေကြောင်းလိုင်း(MIAT)၏ အားထုတ်မှုတစ်ရပ်အဖြစ် တိုက်ရိုက်လေကြောင်းကို မတ် ၃၁ရက်က ဖွင့်လှစ်ခဲ့ကြောင်း အဆိုပါလေကြောင်းလိုင်းက ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပထမဆုံး တိုက်ရိုက်လေယာဉ်ပျံသန်းမှုခရီးစဉ်အဖြစ် ဒေသစံတော်ချိန် ည ၁၀နာရီ ၄၀ မိနစ်တွင် မွန်ဂိုးလီးယားနိုင်ငံ၏ Chinggis Khaan အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကွမ်ကျိုးသို့ ထွက်ခွာခဲ့ကြောင်း MIATဥက္ကဋ္ဌ Davaakhuu Batturက ဖွင့်ပွဲအခမ်းအနားတွင်ပြောကြားခဲ့သည်။

တရုတ်နှင့် မွန်ဂိုးလီးယား နှစ်နိုင်ငံကြား ခရီးသွားလုပ်ငန်းနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ၊ ကုန်သွယ်ရေးတို့ကို အလွန်အထောက်အကူပြုမည့် လေကြောင်းလမ်းကြောင်းအဖြစ် ယုံကြည်မှုရှိကြောင်း ၎င်းက ဆိုသည်။

အဆိုပါ လေကြောင်းခရီးစဉ်ကို အပတ်စဉ် ကြာသပတေးနှင့် စနေနေ့တို့တွင် ပြေးဆွဲမည်ဖြစ်ကြောင်း လေကြောင်းကုမ္ပဏီထံမှ သိရသည်။

ယင်း MIATလေကြောင်းလိုင်းသည် ယခုအခါ တရုတ်နိုင်ငံအတွင်း ဟောင်ကောင်၊ ဘေဂျင်းနှင့် ကွမ်ကျိုးသို့ တိုက်ရိုက် လေကြောင်းခရီးစဉ်သုံးခု ပြေးဆွဲလျက်ရှိကြောင်း သိရသည်။(Xinhua)