ရန်ကုန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) အမြန်လမ်းမကြီးတစ်လျှောက်တွင် ရဲစခန်းပေါင်း ၁၆ခု ရှိပြီး ရဲစခန်းပိုင်နယ်မြေအလိုက် ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆမှု အဖြစ်အများဆုံး ဖြစ်ပွားသည့် မိုင်တိုင်များ ရှိကြောင်း၊ ၎င်း မိုင်တိုင်များအလိုက် အထူးသတိပြုမောင်းနှင်သင့်ကြောင်း၊ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူးဦးစီး၊ ဒုရဲမှူးမျိုးလင်းသန့်က ဆင်ဟွာသို့ သြဂုတ် ၁၉ရက်တွင်ပြောသည်။
ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယနေ့ ( သြဂုတ် ၃ ရက်) နံနက်ပိုင်း၌ မိနစ်ပိုင်းအတွင်း ယာဉ်တိုက်မှု သုံးခုဖြစ်ပွားပြီး လူ ၅ ဦးသေဆုံးခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်-ပုသိမ် ကားလမ်းပေါ်၌ ဖေဖော်ဝါရီ ၁၂ ရက် ည ၇နာရီ ၃၀မိနစ် ခန့်က ယာဉ်တိုက်မှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ ယနေ့သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဟနွိုင်း ၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ) ဗီယက်နမ် နိုင်ငံ၌ ဇန်နဝါရီ ၂၉ ရက်တွင် ပြီးဆုံးခဲ့သည့် နှစ်သစ်ကူး အားလပ်ရက် ရက်သတ္တပတ် အတွင်း ယာဉ်မတော်တဆမှု ၁၉၈ မှု ဖြစ်ပွားခဲ့ပြီး လူ ၁၃၃ ဦး သေဆုံးခဲ့ကာ အခြား ၁၇၄ ဦး...
ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၌၂၀၁၉ ခုနှစ်အတွင်း ယာဉ်တိုက်မှုပေါင်း ၁,၄၀၀ကျော်ဖြစ်ပွားပြီး ကျပ် သိန်းပေါင်း ၃,၆၀၀ကျော် ဆုံးရှုံးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ကွမ်းခြံကုန်းကွေ့တွင် ယနေ့ နံနက် ၁၁ နာရီခန့်က ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားပြီး ယာဉ်တစ်စီးချောက်အတွင်းပြုတ်ကျခဲ့ရာ လူ၂၂ ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ၂၀၁၉ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် လူ၁၀၆ ဦးသေဆုံးကာ ၁,၀၀၀ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူမြို့၌ စက်တင်ဘာ ၂ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုကြောင့် လူနှစ်ဦး သေဆုံးကာ အခြား တစ်ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ကိုင်ရို ၊သြဂုတ် ၅ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် သြဂုတ် ၄ ရက် ညဉ့်နက်ပိုင်းက ယာဉ်မတော်တဆမှုမှတစ်ဆင့် ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း အီဂျစ် ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ သိန်းနီမြို့ နာတီးကျေးရွာ သိန်းနီ-ကွမ်းလုံသွား ကားလမ်းမိုင်တိုင်အမှတ်(၃၁)အနီး ၌ ဇူလိုင် ၂၆ ရက် ညနေပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားပြီး ကလေး ၅ ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။