ဝါရှင်တန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတောင်ပိုင်း တင်နက်ဆီပြည်နယ်၊ Humphreys ကောင်တီ၌ သြဂုတ် ၂၁ ရက်တွင် ရေကြီးမှုဖြစ်ပွားပြီးနောက် လူ ၃၀ခန့် ပျောက်ဆုံးနေပြီး သေဆုံးသူစုစုပေါင်း ၁၅ ဦးအထိ မြင့်တက်လာခဲ့ကြောင်း အာဏာပိုင်များက သြဂုတ် ၂၂ ရက်တွင်ပြောသည်။ ငါးဦးထက်မနည်း ပျောက်ဆုံးနေသူများမှာ...
ဟီရတ်၊ အာဖဂန်နစ္စတန်၊ မေ ၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန် အနောက်ပိုင်း ဟီရတ်ပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးရေလျှံမှုဖြစ်ပွားခြင်းတို့ကြောင့် အနည်းဆုံး လူ ၁၂ ဦးသေဆုံးခဲ့ကြောင်းဒေသအစိုးရက မေ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
နယူးဒေလီ ၊ ဩဂုတ် ၁၆ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်၌ ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၈ ဒသမ ၁ သန်းကျော် ရေဘေးကြုံတွေ့လျက်ရှိကြောင်း အစိုးရတာဝန်ရှိသူများက ဩဂုတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ၊ ဩဂုတ် ၁၂ ရက်(ဆင်ဟွာ) ကုလသမဂ္ဂက အာရှနိုင်ငံများ ဖြစ်သည့် ဘင်္ဂလားဒေ့ရှ် ၊ မြောက်ကိုရီးယား နှင့် အိန္ဒိယ နိုင်ငံတို့၌ အကြီးအကျယ် ဖြစ်ပွါးနေသော ရေကြီးမှုများအပါ် စိုးရိမ်ကြောင်း ဩဂုတ် ၁၁ ရက်တွင် အလေးပေးပြောကြားခဲ့ပြီး ကူညီရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
နယူးဒေလီ၊ဇူလိုင်၂၈ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်းနိုင်ငံအရှေ့မြောက်ပိုင်းအာသံပြည်နယ်၌ရေကြီးမှုကြောင့်ယခုအချိန်ထိလူပေါင်း၁၀၂ဦးသေဆုံးခဲ့ပြီးလူဦးရေ၅ဒသမ၆သန်းကျော် ဆိုးဆိုးရွားရွားရေဘေးသင့်လျက်ရှိကြောင်းတာဝန်ရှိသူတစ်ဦးကဇူလိုင်၂၇ရက်တွင်ပြောကြားခဲ့သည်။
နယူးဒေလီ ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အာသံပြည်နယ် နှင့် ဘီဟာပြည်နယ်တို့၌ ဖြစ်ပွားနေသော ရေကြီးရေလျှံမှုများအတွင်း သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်လျက်ရှိရာ စုစုပေါင်းဦးရေ ၂ဝဝ ကျော်ထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ပြည်တွင်းမီဒီယာက ဇူလိုင် ၂၇ ရက်တွင် သတင်းဖော်ပြခဲ့သည်။
နယူးဒေလီ ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ်၌ ရေကြီးရေလျှံမှုဖြစ်ပွားရာ အနည်းဆုံး လူ ၆ ဦးသေဆုံးပြီး ၉ဝဝ,ဝဝဝ ခန့်ရေဘေးသင့်လျက်ရှိကြောင်း အစိုးရတာဝန်ရှိသူများက ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက် တောင်ဘက်ရှိ Waziriztan ခရိုင်တွင် မင်္ဂလာဆောင် ဧည့်ခံပွဲသို့ လာသူများအား တင်ဆောင်လာသည့် ဗင်ကားတစ်စီးမှာ ရုတ်တရက်ရေကြီးမှုနှင့် ကြုံတွေ့ခဲ့ရကာ အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် လူ ၈ ဦးထက်မနည်းသေဆုံးပြီး အခြားလူ ၆ ဦး...
ဟာရာရီ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) ဇင်ဘာဘွေနိုင်ငံ ရှိ မိုင်းတွင်း ၂ခု၏ တူးမြောင်းများ နှင့် လှိုဏ်ခေါင်းများ၌ ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းက ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး တရားမဝင် မိုင်းလုပ်သား ၂၃ဦးသေဆုံးခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖေဖော်ဝါရီ ၁၄ရက်တွင်ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) မွန်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ယနေ့ နံနက်အစောပိုင်းမှ စတင်ပြီး ရေကြီးမှုများဖြစ်ပေါ်နေရာ အရေးပေါ် ကယ်ဆယ်ရေးများ ဆောင်ရွက်နေရကြောင်း မော်လမြိုင်ဒေသခံများထံမှ စုံစမ်းသိရှိရသည်။