Connect with us

Africa & Middle East

ဇင်ဘာဘွေတွင် မိုင်းတွင်း ရေကြီးမှုကြောင့် တရားမဝင် မိုင်းလုပ်သား ၂၃ဦးသေဆုံး

ဇင်ဘာဘွေနိုင်ငံ တွင် ယခင်က ရေလွှမ်းမိုးမှုကြောင့် ပိတ်ဆို့နေသည့် မိုင်းတွင်းတစ်ခုအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟာရာရီ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

ဇင်ဘာဘွေနိုင်ငံ ရှိ မိုင်းတွင်း ၂ခု၏ တူးမြောင်းများ နှင့် လှိုဏ်ခေါင်းများ၌ ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းက ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး တရားမဝင် မိုင်းလုပ်သား ၂၃ဦးသေဆုံးခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖေဖော်ဝါရီ ၁၄ရက်တွင်ဖော်ပြခဲ့သည်။

Mashonaland West ပြည်နယ် Battlefields မြို့ တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်တစ်ခု ကျိုးပေါက်ခဲ့ရာ ယင်းဒေသရှိ မိုင်းတွင်း ၂ခု၏ အပြန်အလှန်ချိတ်ဆက်ရသော တူးမြောင်းများ နှင့် အတွင်းပိုင်း လှိုဏ်ခေါင်းများ ရေလွှမ်းမိုးခံခဲ့ရကြောင်း သတင်း၌ပါရှိသည်။ဆည်နံရံသည် ဖေဖော်ဝါရီ ၁၂ရက် ည ၁၁နာရီတွင် ကျိုးပေါက်ခဲ့ပြီး နာမည်ကြီးရွှေတူးလုပ်ငန်း RioZim ၏ မိုင်းတွင်း နှင့် Baxter အမည်ရှိ လုပ်ငန်းတစ်ခုမှ ပိုင်ဆိုင်သည့် မိုင်းတွင်းတစ်ခု ၏ လှိုဏ်ခေါင်းများ ရေလွှမ်းမိုးခံခဲ့ရကြောင်း သိရသည်။မိုင်းတွင်း ရေလွှမ်းမိုးမှုကြောင့် မိုင်းလုပ်သား ၂၃ဦးသေဆုံးသွားကြောင်း သိရှိရသော်လည်း သေဆုံးသူမြင့်တက်လာနိုင်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117