ပေကျင်း ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) တရုတ်လူမျိုးတို့၏သွင်ပြင်လက္ခဏာနှင့်အတူ နိုင်ငံ၏ အဓိကသံတမန်ရေးဆိုင်ရာများကို ရေးသားဖော်ပြထားသည့် တရုတ်နိုင်ငံကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ “သံခင်းတမန်ခင်း ပို့ချချက်များ” ကျမ်းစာအုပ်ကို တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ပုံနှိပ်ဌာနမှ ရိုက်နှိပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပေကျင်း ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား စစ်ရေးလေ့ကျင့်မှုစတင်ရန် အမိန့်ကြေညာချက်တစ်စောင်ကို ဇန်နဝါရီ ၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ယင်းမှာ ၂၀၂၀ ပြည့်နှစ်တွင် ဗဟိုစစ်ကော်မရှင်(CMC) ၏ ပထမဦးဆုံးထုတ်ပြန်သော အမိန့်တစ်ရပ်ဖြစ်ကြောင်း သိရသည်။
ပေကျင်း ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က တရုတ်ပြည်သူ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ(CPPCC) အမျိုးသားကော်မတီတွင် နှစ်သစ်ကူးတွေ့ဆုံပွဲ အခမ်းအနားတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။
မကာအို ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ယနေ့(ဒီဇင်ဘာ ၁၈ ရက်) မွန်းလွဲပိုင်းတွင် အမိမြေသို့မကာအိုပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့် အခမ်းအနားတက်ရောက်ရန် မကာအိုသို့ရောက်ရှိ လာခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ) ဒေသတွင်းစီးပွားရေး စီမံကိန်းများက ပိုမိုကောင်းမွန်သော အခွင့်အလမ်းများရရှိလာမှု နှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်လာမှု ဆိုင်ရာအကြောင်းများကို ရေးသားထားသည့် တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်၏ ဆောင်းပါးတစ်ပုဒ်ကို ဒီဇင်ဘာ ၁၆ ရက်တွင် ထွက်ရှိမည့် ၂၀၁၉ ခုနှစ် Qiushiဂျာနယ် အတွဲ ၂၄...
ပေကျင်း ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် အမိမြေသို့ မကာအိုပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်ရန် ဒီဇင်ဘာ ၁၈ ရက်မှ ၂၀ ရက်ထိ မကာအိုသို့သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ပေကျင်း ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က အင်ဒိုနီးရှားနိုင်ငံသမ္မတအဖြစ် ဒုတိယသက်တမ်း ဆက်လက်တာဝန်ထမ်းဆောင်မည့် သမ္မတဂျိုကိုဝီဒိုဒိုထံ ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာတစ်စောင်ကို အောက်တိုဘာ ၂၀ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။
ဝူဟန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ပထမပါတီကွန်ဂရက်သို့တက်ရောက်လာသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ပူးတွဲထောက်ပို့တပ်ဖွဲ့နှင့် အဆင့်မြင့် စစ်တပ်အရာရှိကြီးများကို တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲပေပြည်နယ်တွင် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ချင်းနိုင်၊အိန္ဒိယ၊အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်နှင့်အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နာရနြ္ဒာမိုဒီ တို့သည် အိန္ဒိယနိုင်ငံ တောင်ပိုင်း ချင်းနိုင်မြို့၌ အောက်တိုဘာ ၁၁ ရက် နှင့် ၁၂ ရက် တို့တွင် ဒုတိယအကြိမ်မြောက် အလွတ်သဘောတွေ့ဆုံပြီး အနာဂတ်ကာလ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ဖြစ်ထွန်းစေရန် ဆေွးနွေးခဲ့ကြကြောင်းသိရသည်။
ပေကျင်း ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတရှီကျင့်ဖိန်က ယနေ့နံနက်တွင် ပေကျင်းမြို့လယ်၌ ကျင်းပသော တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်းနှစ် ၇ဝ ပြည့်အခမ်းအနားသို့တက်ရောက်၍ ဂုဏ်ပြုတပ်ဖွဲ့အား လှည့်လည်စစ်ဆေးခဲ့ကြောင်း သိရသည်။