Connect with us

Politics, Law & Military

တရုတ်နိုင်ငံသမ္မတရှီက လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား စစ်ရေးလေ့ကျင့်မှု စတင်ရန် အမိန့်ပေး

တရုတ်နိုင်ငံထူထောင်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနား၌ စစ်ရေးပြချီတက်မှုပြုလုပ်နေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား စစ်ရေးလေ့ကျင့်မှုစတင်ရန် အမိန့်ကြေညာချက်တစ်စောင်ကို ဇန်နဝါရီ ၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ယင်းမှာ ၂၀၂၀ ပြည့်နှစ်တွင် ဗဟိုစစ်ကော်မရှင်(CMC) ၏ ပထမဦးဆုံးထုတ်ပြန်သော အမိန့်တစ်ရပ်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံထူထောင်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနား၌ စစ်ရေးပြချီတက်မှုပြုလုပ်နေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံထူထောင်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနား၌ စစ်ရေးပြချီတက်မှုပြုလုပ်နေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံထူထောင်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနား၌ စစ်ရေးပြချီတက်မှုပြုလုပ်နေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်သူ သမ္မတရှီ၏ အမိန့်ထဲတွင် အဆိုပါလေ့ကျင့်မှုအား အမှန်တကယ်စစ်ပွဲဖြစ်နေသော အခြေအနေများအတိုင်း အစစ်အမှန်ပုံစံဖြင့် လေ့ကျင့်မှုများကို စွမ်းအားပြည့် လုပ်ဆောင်သွားရန် ညွှန်ကြားထားသည်။သမ္မတရှီက လက်နက်ကိုင်တပ်ဖွဲ့ဝင်များအနေဖြင့် အမြင့်ဆုံးအဆင့် အသင့်အနေအထားကို ဆက်လက်ထိန်းသိမ်းထားရန် နှင့် အရေးပေါ်အခြေအနေနှင့် တိုက်ပွဲဝင်လေ့ကျင့်ခန်းများကို လုပ်ဆောင်သွားရန်လည်း အမိန့်ပေးခဲ့သည်။လေ့ကျင့်မှုတွင် ပူးတွဲဆောင်ရွက်ခြင်း လေ့ကျင့်ခန်းများကိုလည်း တိုးမြှင့်လုပ်ဆောင်သွားရန် လိုအပ်ပြီး ပူးပေါင်းစစ်ဆင်ရေးစနစ်တွင် တပ်ဖွဲ့ဝင်သစ်များ တိုးချဲ့ပါဝင်သွားရန်လည်း ၎င်းက အမိန့်ပေးခဲ့သည်။စစ်ရေးလေ့ကျင့်ခန်း အစီအစဉ်ကို တိုးမြှင့်လုပ်ဆောင်သွားရန် နှင့် စိစစ်အကဲဖြတ်မှုစနစ်ကိုလည်း မြှင့်တင်သွားရန် ရှီက အမိန့်ပေးခဲ့သည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117