Connect with us

Politics, Law & Military

သမ္မတရှီက ပါတီကွန်ဂရက်သို့တက်ရောက်လာသော  တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်တော်(PLA) ၏ ထောက်ပို့တပ်ဖွဲ့နှင့် အဆင့်မြင့်စစ်တပ်အရာရှိကြီးများကို ဟဲပေ၌ တွေ့ဆုံနှုတ်ဆက်

သမ္မတရှီကျင့်ဖိန်က တရုတ်လွတ်မြောက်ရေးတပ်တော် ထောက်ပို့တပ်ဖွဲ့မှ ကိုယ်စားလှယ်များအား လိုက်လံနှုတ်ဆက်စဉ်(ဆင်ဟွာ)

ဝူဟန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ပထမပါတီကွန်ဂရက်သို့တက်ရောက်လာသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ပူးတွဲထောက်ပို့တပ်ဖွဲ့နှင့် အဆင့်မြင့် စစ်တပ်အရာရှိကြီးများကို တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲပေပြည်နယ်တွင် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် ဗဟိုစစ်ကော်မရှင်ဉက္ကဌလည်း ဖြစ်သူ ရှီသည် ကွန်ဂရက် အစည်းအဝေးသို့တက်ရောက်လာသော ကိုယ်စားလှယ်အားလုံးနှင့် ပူးတွဲထောက်ပို့တပ်ဖွဲ့မှ စစ်တပ်အရာရှိကြီးများကို ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ကွန်ဂရက်အစည်းအဝေးကို အောက်တိုဘာ ၁၆ ရက်တွင် ဝူဟန်မြို့၌ စတင်ဖွင့်လှစ်ခဲ့ပြီး ၎င်းအစည်းအဝေးတွင် တက်ရောက်လာသော ကိုယ်စားလှယ်များက ပူးတွဲထောက်ပို့တပ်ဖွဲ့ စတင်တည်ထောင်ချိန်မှ စတင်ကာ တိုးတက်လာသည့်အခြေအနေ နှင့် လာမည့် ၅ နှစ်အတွက် အနာဂတ်အစီအစဉ်များအကြောင်း ဆွေးနွေးခဲ့ကြသည်။

သမ္မတရှီကျင့်ဖိန်က တရုတ်လွတ်မြောက်ရေးတပ်တော် ထောက်ပို့တပ်ဖွဲ့မှ ကိုယ်စားလှယ်များအား လိုက်လံနှုတ်ဆက်စဉ်(ဆင်ဟွာ)

ဟဲပေစစ်ဌာနချုပ်၌ အဆင့်မြင့်စစ်တပ်ကိုယ်စားလှယ်များနှင့်တွေ့ဆုံစဉ် ရှီက ပြည်နယ်အတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့အသီးသီးမှ စစ်သည်များနှင့် အရာရှိများအားလုံးကို ဂုဏ်ပြု နှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။၎င်းတို့အနေဖြင့် ပေးအပ်သောတာဝန်အပေါ်သစ္စာရှိရှိဖြင့် ဆောင်ရွက်မှု ၊ မဆုတ်မနစ် အားထုတ်ကြိုးပမ်းမှု ၊ လုပ်ငန်းဆောင်တာအားလုံးတွင် တိုးတက်ဖြစ်ထွန်းမှုအသစ်ရရှိအောင် တွန်းအားပေးမှု နှင့် တရုတ်ပြည်သူတို့၏ အိပ်မက်ဖြစ်သော အမျိုးသားသွေးသစ်လောင်းမှု နှင့် ခိုင်မာတောင့်တင်းသော စစ်တပ်ဖြစ်ရေး ရည်မှန်းချက်အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်မှု များအတွက် ဂုဏ်ပြုကြောင်းလည်း သမ္မတရှီက ချီးကျူးစကားဆိုခဲ့သည်။(Xinhua)