ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလုံခြုံရေးဥပဒေကို ရေးဆွဲဖော်ဆောင်ခြင်းသည် “တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး”အား လက်တွေ့ကျင့်သုံးမှု၌ အရေးကြီးသည့် သမိုင်းမှတ်ကျောက်တိုင် ဖြစ်သည်ဟု တရုတ်ပြောရေးဆိုခွင့်ရှိသူက မတ် ၄ ရက်တွင် ပြောကြားခဲ့သည်။ (၁၄) ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ ပထမအကြိမ် အစည်းအဝေး ပြောရေးဆိုခွင့်ရှိသူ ဝမ်ချောင်းက အစည်းအဝေးဖွင့်ပွဲအခမ်းအနားမတိုင်မီ တစ်ရက်အလို၌ ကျင်းပသောသတင်းစာရှင်းလင်းပွဲတွင်...
ဟောင်ကောင်၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ) ဟောင်ကောင်ရှိ အမျိုးသားလုံခြုံရေးဥပဒေသည် ဟောင်ကောင်အား ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်တွင် ပါဝင်ဖော်ဆောင်ရေးနှင့် အမျိုးသားလုံခြုံရေးဖွံ့ဖြိုးတိုးတက်မှု ပေါင်းစည်းရေးတို့အတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) ရှိ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ကော်မရှင်နာမင်းကြီး Xie Feng က ပြောကြားလိုက်သည်။
ဂျီနီဗာ ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) ဇွန် ၃၀ ရက်က ပြုလုပ်သော ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၄၄ ကြိမ်မြောက် အစည်းအဝေး၌ တရုတ်နိုင်ငံထိပ်တန်းဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်များက ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင် အမျိုးသားလုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှုဥပဒေ ပြဌာန်းခဲ့ခြင်းအပေါ် ကမ္ဘာ့နိုင်ငံပေါင်း ၅၂ နိုင်ငံကိုယ်စား ကျူးဘားနိုင်ငံက ကြိုဆိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဟောင်ကောင်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) တွင် အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဥပဒေ အတည်ပြုပြဌာန်းခြင်းအပေါ် ဟောင်ကောင်အစိုးရအနေဖြင့် ကြိုဆိုကြောင်း HKSAR အုပ်ချုပ်ရေးမှူး Carrie Lam က ယနေ့ (ဇွန် ၃၀ ရက်) ပြောကြားလိုက်သည်။
ဟောင်ကောင်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဟောင်ကောင်နှင့် မကာအိုရေးရာရုံးက ဇွန် ၃၀ ရက်တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အသစ်ပြဌာန်းလိုက်သော ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဥပဒေကို အခိုင်အမာ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဥပဒေပြုအမတ်များက ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဥပဒေကို ယနေ့ ဇွန် ၃၀ ရက်တွင် ဆန္ဒမဲပေး၍ အတည်ပြုခဲ့ကြောင်း သိရသည်။
ဟောင်ကောင်၊ ဇွန် ၂ ရက် (ဆင်ဟွာ) မကြာသေးမီက စစ်တမ်းကောက်ယူထားသော စီးပွားရေးလုပ်ငန်းများက ဟောင်ကောင်ဆိုင်ရာ အမျိုးသားလုံခြုံရေးဥပဒေ၏ အကျိုးသက်ရောက်မှုသည် ကာလရှည်တွင် ကြီးမားသော တိုးတက်မှုရှိစေမည်ဟု ဖော်ပြကြောင်း ဟောင်ကောင် အထွေထွေ ကုန်သည်ကြီးများအသင်းက ဇွန် ၁ ရက်တွင် ပြောခဲ့သည်။