Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ထိပ်တန်းဥပဒေပြုလွှတ်တော်က ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဥပဒေကို အတည်ပြု၊ ဟောင်ကောင်၏ အခြေခံဥပဒေ၌ ပေါင်းစပ်ထည့်သွင်း

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ထျန်းအန်းမင်ရင်ပြင်တွင် လွှင့်တင်ထားသည့် တရုတ်နိုင်ငံတော်အလံများအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဥပဒေပြုအမတ်များက ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဥပဒေကို ယနေ့ ဇွန် ၃၀ ရက်တွင် ဆန္ဒမဲပေး၍ အတည်ပြုခဲ့ကြောင်း သိရသည်။ 

အဆိုပါ ဥပဒေအား တရုတ်နိုင်ငံ ထိပ်တန်းဥပဒေပြုလွှတ်တော်ဖြစ်သော ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ၏ ၂၀ ကြိမ်မြောက် အစည်းအဝေး၌ ထောက်ခံ အတည်ပြုခဲ့ခြင်းဖြစ်သည်။ 

၎င်းဥပဒေအား ပြဌာန်းရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ 

ထို့ပြင် NPC အမြဲတမ်းကော်မတီက ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ အခြေခံဥပဒေ နောက်ဆက်တွဲ ၃ တွင် ဥပဒေထည့်သွင်းရန် ဆုံးဖြတ်ချက်တစ်ရပ်ကိုလည်း အတည်ပြုခဲ့ကြောင်း သိရသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117