နယူးဒေလီ၊ ဧပြီ ၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီအနီးတွင် သတင်းထောက် တစ်ဦးသည် ၎င်း၏ နေအိမ်အတွင်းမှာပင် သေနတ်ပစ်ခံရပြီး စိုးရိမ်ဖွယ် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဧပြီလ ၉ ရက်တွင် ပြောကြားလိုက်သည်။
နယူးယောက် ၊ မတ် ၂၅ ရက်(ဆင်ဟွာ) အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း Southeast Indian Ridge (SEIR) ၌ မတ်လ ၂၄ ရက် ဂရင်းနစ်စံတော်ချိန် ၁၉:၅၈:၃၃ နာရီတွင် ပြင်းအား ၆.၃ ရစ်ချက်စတာစကေးရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးဌာနက ဆိုသည်။
နယူးဒေလီ၊ မတ် ၂၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ် တွင် မတ် ၂၃ ရက်က ကုန်တင်ကားတစ်စီးသည် ခရီးသည်များ လိုက်ပါလာသော မော်တော်ယာဉ်တစ်စီးအား ဝင်တိုက်မိ၍ အနည်းဆုံး လူ ၁၀ဦးသေဆုံးပြီး ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နယူးဒေလီ၊ မတ် ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Bihar ပြည်နယ် ရှိ မီးရှူးမီးပန်းစက်ရုံအတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅ဦးသေဆုံးပြီး အခြားလူ ၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက မတ် ၂၃ရက်တွင်ပြောကြားခဲ့သည်။
နယူးဒေလီ၊ မတ် ၁၀ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မေခရွန် (Emmanuel Macron) သည် အိန္ဒိယနိုင်ငံသို့ လေးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် နယူးဒေလီမြို့သို့ မတ်လ ၉ ရက် ညပိုင်းက ရောက်ရှိခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ မတ် ၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အလယ်ပိုင်း Chhattisgarh ပြည်နယ် ရှိ ဆေးရုံတစ်ရုံတွင် မျက်စိအတွင်းတိမ်ခွဲစိတ်မှု ပြုလုပ်ပြီးနောက် လူ ၁၁ဦး အမြင်အာရုံဆုံးရှုံးခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ရထားလုပ်ငန်းက မတ်လ ၂ ရက်တွင် ကျရောက်မည့် ဟိန္ဒူ ရောင်စုံပွဲတော် တစ်ခုဖြစ်သော Holi ပွဲတော် ကျင်းပစဉ်အတွင်း အထူးရထား အစင်း ၅၀၀ ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံဘက်မှ ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် သေနတ်ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိခဲ့သော အမျိုးသမီးတစ်ဦးသည် ဖေဖော်ဝါရီလ ၁၀ ရက်က စစ်ဆေးရုံတစ်ရုံသို့ တက်ရောက်ခဲ့ပြီးနောက် သမီးမိန်းကလေး တစ်ဦး မွေးဖွားခဲ့ကြောင်း အိန္ဒိယနိုင်ငံ ကာကွယ်ရေး သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒတ်ရှ်ပြည်နယ်ရှိ ရေကန်တစ်ခုအတွင်းသို့ ယနေ့ (ဇန်နဝါရီလ ၂၈ ရက်) နံနက်ပိုင်းက ကား တစ်စီး ပြုတ်ကျခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂ ဦးအပါအဝင် အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က...
နယူးဒေလီ၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အနောက်မြောက်ရှိ ခရက်ကာမုန့်ထုတ်လုပ်သော စက်ရုံတစ်ရုံ၌ ဇန်နဝါရီလ ၂၀ ရက် ညပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း မီးသတ်ဋ္ဌာန တာဝန်ရှိသူများ၏ ပြောကြားချက်အား ကိုးကား၍ မီဒီယာများက သတင်းဖော်ပြထားသည်။