ဘဂ္ဂဒက်၊ မေ ၇ ရက် (ဆင်ဟွာ) အီရတ်အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေး (CTS) အထူးတပ်ဖွဲ့ဝင်များက အီရတ်နိုင်ငံ မြို့တော်ဘဂ္ဂဒက် အနီးတွင် အစွန်းရောက် အိုင်အက်စ်အဖွဲ့၏ ဒေသခံခေါင်းဆောင် ၃ ဦး အား သတ်နိုင်ခဲ့ကြောင်း အီရန်စစ်တပ်က မေ ၆ ရက် တွင်ပြောသည်။
ဂျလာလာဘတ်၊ အာဖဂန်နစ္စတန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် အိုင်အက်စ်အဖွဲ့ဝင်နှင့် သစ္စာခံ ၂၄၁ ဦးသည် အစိုးရထံ လက်နက်ချခဲ့ကြောင်း နိုဝင်ဘာ ၁၆ ရက်၌ စစ်တပ်က ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။
ဝါရှင်တန်၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စုနိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် က အိုင်အက်စ်အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အဘူ ဘာ့က် အယ်လ်-ဘာဂါဒီ အားအမေရိကန်တပ်ဖွဲ့များက ဆီးရီးယားနိုင်ငံ၌ စစ်ဆင်ရေးတစ်ခုအ တွင်းသတ်ဖြတ်နိုင်ခဲ့ကြောင်း အောက်တိုဘာလ ၂၇ ရက်ကပြောကြားခဲ့သည်။
အန်ကာရာ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) တူရကီနိုင်ငံတွင် လူ ၁၄ ဦးအား အိုင်အက်စ်အဖွဲ့နှင့် ချိတ်ဆက်မှုများ ရှိသည့်အတွက် စက်တင်ဘာလ ၂၀ ရက်တွင် တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်ကြောင်း နိုင်ငံပိုင် Anadolu အေဂျင်စီက သတင်းဖော်ပြခဲ့သည်။
ကဘူးလ် ၊ သြဂုတ် ၁၉ ရက်(ဆင်ဟွာ) လူပေါင်း ၆ဝ ကျော် သေဆုံးပြီး အခြားလူပေါင်း ၁၈ဝ ကျော် ထိခိုက်ဒဏ်ရာရခဲ့သည့် သြဂုတ် ၁၇ ရက် ညပိုင်းက ဖြစ်ပွားခဲ့သော အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ မင်္ဂလာပွဲတစ်ခုအား အသေခံဗုံးခွဲတိုက်ခိုက်မှုမှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်(IS) အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့က...
ဒမတ်စကက်စ်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ တောင်ပိုင်း Sweida ပြည်နယ်တွင် ဓားစာခံ ၆ ဦးအား အိုင်အက်စ်က လွှတ်ပေးလိုက်ကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီ SANA က အောက်တိုဘာလ ၂၀ ရက်တွင် သတင်းဖော်ပြလိုက်သည်။
လန်ဒန် ၊ ဒီဇင်ဘာ ၁ဝ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ထရီဇာမေက အိုင်အက်စ်(IS) များပေါ်နှိမ်နင်းအောင်မြင်ခဲ့သည့် အီရတ်နိုင်ငံဝန်ကြီးချုပ် Haider Abadi ကို ဒီဇင်ဘာ ၉ ရက်တွင် ဂုဏ်ပြုချီးကျူးစကားဆိုခဲ့သော်လည်း အကြမ်းဖက်အုပ်စုမှာ အပြီးသတ်ကျဆုံးခြင်း မရှိသေးကြောင်း သတိပေးစကားဆိုခဲ့သည်။
ထရိုင်ပိုလီ၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ လုံခြုံရေးနှင့် လခြမ်းနီအဖွဲ့တို့သည် ထရိုင်ပိုလီမြို့နှင့် ၄၅၀ ကီလိုမီတာ ကွာဝေးသော Sirte မြို့၌ လူအစုလိုက်အပြုံလိုက် မြှုပ်နှံထားသည်ကို တွေ့ရှိခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူ တစ်ဦးက နိုဝင်ဘာလ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
ဘဂ္ဂဒတ်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ မိုလ်ဆူးမြို့ အနောက်ဘက် ၆၀ ကီလိုမီတာအကွာရှိ တဲလ်အဖာမြို့မှ အိုင်အက်စ် စစ်သွေးကြွများအား နှင်ထုတ်မည့် စစ်ဆင်ရေးအား သြဂုတ်လ ၂၀ ရက်တွင် စတင်လိုက်ပြီဖြစ်ကြောင်း ဝန်ကြီးချုပ် ဟေဒါ အယ်လ်-အာဘတ်ဒီက ကြေညာလိုက်သည်။
ဘဂ္ဂဒတ် ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ အနောက်ပိုင်း Anbar ပြည်နယ်၌ အီရတ်တပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုအတွင်း အိုင်အက်စ်(IS) စစ်သွေးကြွအများအပြား သေဆုံးသွားကြောင်း အီရတ်စစ်တပ်က ဇူလိုင် ၂၂ ရက်တွင် ပြောကြားခဲ့သည်။