Connect with us

Europe

အိုင်အက်စ်(IS) များ ကျဆုံးခြင်း မရှိသေးကြောင်း ဗြိတိန်ဝန်ကြီးချုပ်ပြော

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ထရီဇာမေ အားတွေ့ ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဒီဇင်ဘာ ၁ဝ ရက်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ထရီဇာမေက အိုင်အက်စ်(IS) များပေါ်နှိမ်နင်းအောင်မြင်ခဲ့သည့် အီရတ်နိုင်ငံဝန်ကြီးချုပ် Haider Abadi ကို ဒီဇင်ဘာ ၉ ရက်တွင် ဂုဏ်ပြုချီးကျူးစကားဆိုခဲ့သော်လည်း အကြမ်းဖက်အုပ်စုမှာ အပြီးသတ်ကျဆုံးခြင်း မရှိသေးကြောင်း သတိပေးစကားဆိုခဲ့သည်။

အီရတ်နိုင်ငံဝန်ကြီးချုပ်က အိုင်အက်စ်တို့အား နှိမ်နင်းအောင်မြင်ခဲ့ပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၉တွင် ထုတ်ဖော်ပြောကြားခဲ့ပြီးနောက်တွင် အစွန်းရောက်များမှာ ဆီးရီးယားနိုင်ငံနယ်စပ်ကို ကျော်ဖြတ်၍ အီရတ်နိုင်ငံကို ခြိမ်းခြောက်နေဆဲဖြစ်ကြောင်း ထရီဇာမေ၏ ထုတ်ပြန်ချက်တွင် ရေးသား ဖော်ပြထားသည်။

ဝန်ကြီးချုပ် Abadi က အိုင်အက်စ်(IS) ဟု လူသိများသည် အစ္စလာမ်မစ်နိုင်ငံအဖွဲ့အား အီရတ်မြေပေါ်မှ တိုက်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း နှင့် အိုက်အက်စ်တို့အပေါ် သုံးနှစ်ကျော်ကြာ ဆင်နွှဲခဲ့သော အကြမ်းဖက်မှု တိုက်ဖျက်ရေးစစ်ပွဲမှာ အဆုံးသတ်သွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။“ အီရတ်ဝန်ကြီးချုပ် Abadi နဲ့အီရတ်ပြည်သူအားလုံးကို သူတို့ရဲ့ သမိုင်းဝင် အခါသမယအတွက် ချီးကျူးဂုဏ်ပြုပါတယ်။ ဒါဟာ အီရတ်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ငြိမ်းချမ်းရေးကို ပိုမိုယူဆောင်ပေးဖို့သမိုင်းစာမျက်နှာအသစ် ဖွင့်လှစ်လိုက်တဲ့အခိုက်အတန့်ဖြစ်ပါတယ်” ဟု ထရီဇာမေက ဆိုသည်။

“ အိုင်အက်စ်တွေ ရှုံးနိုမ့်သွားပေမယ့် သူတို့ဟာ အပြီးသတ် ကျဆုံးသွားတာမျိုး မဟုတ်ပါဘူး” ဟု ထရီဇာမေက ပြောကြားခဲ့ပြီး “ သူတို့ဟာ အီရတ်နိုင်ငံကို ခြိမ်းခြောက်နေဆဲပါပဲ။ ဆီးရီးယားနယ်စပ်ကိုဖြတ်ကျော်ဝင်ရောက်လာခြင်းအပါအဝင်ပေါ့” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။အိုင်အက်စ် တို့သည် အီရတ် နှင့် ဆီးရီးယား နိုင်ငံများတွင် လျင်မြန်စွာ ကြီးထွားလျက်ရှိပြီး ၎င်းတို့သည် ၂ဝ၁၄ ခုနှစ်တွင် အီရတ် နှင့် ဆီးရီးယား နိုင်ငံ အစိတ်အပိုင်းများစွာကို ထိန်းချုပ်၍ အစ္စလာမ်မစ်နိုင်ငံအဖြစ် ကြေညာခဲ့သည်။ ၎င်းတို့အုပ်စုသည် မြေထဲပင်လယ် မှ ဘဂ္ဂဒတ်မြို့တောင်ပိုင်းအထိ နယ်မြေဧရိယာ ၃၄,ဝဝဝ စတုရန်းမိုင်ကျော်ကို သိမ်းပိုက်ခဲ့ကြောင်း သိရသည်။(Xinhua)