Connect with us

North America

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိုင်အက်စ်ခေါင်းဆောင်ကို သတ်ဖြတ်နိုင် ခဲ့ကြောင်းပြောကြား

အိုင်အက်စ်အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အဘူ ဘာ့က် အယ်လ်-ဘာဂါဒီ အားတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စုနိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် က အိုင်အက်စ်အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အဘူ ဘာ့က် အယ်လ်-ဘာဂါဒီ အားအမေရိကန်တပ်ဖွဲ့များက ဆီးရီးယားနိုင်ငံ၌ စစ်ဆင်ရေးတစ်ခုအ တွင်းသတ်ဖြတ်နိုင်ခဲ့ကြောင်း အောက်တိုဘာလ ၂၇ ရက်ကပြောကြားခဲ့သည်။

ထရမ့် ကအိမ်ဖြူတော်တွင်ပြောကြားခဲ့ရာ၌ အမေရိကန်အထူးစစ်ဆင်ရေးတပ်ဖွဲ့များက ဆီးရီးယားနိုင် ငံ အနောက်မြောက်ပိုင်းတွင် အောက်တိုဘာလ ၂၆ ရက်ညက ဝင်ရောက်စီးနင်းတိုက်ခိုက်မှုတစ်ခုအ တွင်း အယ်လ်-ဘာဂါဒီ သည် ကိုယ့်ကိုယ်ကိုသတ်သေသွားခဲ့ကြောင်းပြောကြားခဲ့သည်။အသက် ၄၈ နှစ်ရှိပြီဖြစ်သော အယ်လ်-ဘာဂါဒီ ၏အမည်ရင်းမှာ အီဘရာဟင် အဝပ် အယ်လ်-ဘာဒရီ ဖြစ်ပြီး အိုင်အက်စ်အစ္စလမ်မစ်နိုင်ငံကို ထူထောင်ကြောင်း ၂၀၁၄ ခုနှစ်၊ ဇွန်လတွင်ကြေညာခဲ့သူဖြစ် သည်။ ၂၀၁၆ ခုနှစ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အယ်လ်-ဘာဂါဒီ အားအရှင်လက်ရ ဖမ်းဆီးမိရေး(သို့မဟုတ်)အသေဖမ်းမိရေးအတွက် သတင်းပေးနိုင်သူအား အမေရိကန်ဒေါ်လာ ၂၅ သန်း ထိချီးမြှင့်မည်ဟု ကြေညာခဲ့သည်။

သမ္မတ ထရမ့် က အယ်လ်-ဘာဂါဒီ ရှိရာဝင်းခြံကို ရဟတ်ယာဉ်ရှစ်စင်းဖြင့်နှစ်နာရီကြာစစ်ဆင်တိုက် ခိုက်မှုပြုခဲ့ရကြောင်း၊အမေရိကန်တပ်ဖွဲ့ဝင်များဘက်မှတစ်ဦးတစ်ယောက်မျှကျဆုံးမှုမရှိဘဲကြီးမားသော အောင်မြင်မှုရခဲ့ကြောင်း၊၎င်းအတွက်လည်း ရုရှားနိုင်ငံ၊တူရကီနိုင်ငံ၊ဆီးရီးယားနိုင်ငံ၊အီရတ်နိုင်ငံနှင့် ဆီး ရီးယားကာ့ဒ် လူမျိုးတို့အား ကျေးဇူးတင်ကြောင်းပြောခဲ့သည်။

သို့ရာတွင်ရုရှားကာကွယ်ရေးဝန်ကြီးဌာနကမူ အယ်လ်-ဘာဂါဒီ ကိုအသေရမိခဲ့သည်ဆိုသောအမေရိ ကန ၏စစ်ဆင်ရေးသတင်းအချက်များအပေါ်ခိုင်လုံမှု ရှိမရှိ သံသယဖြစ်မိကြောင်း အောက်တိုဘာ ၂၇ ရက်ကပြောခဲ့သည်။တူရကီသမ္မတ အာဒိုဂန်ကမူ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အဘူ ဘာ့က် အယ်လ်-ဘာဂါဒီအားအမေရိကန်တပ်ဖွဲ့များက အသေရမိခြင်းက အကြမ်းဖက်ဝါဒကိုတိုက်ခိုက်ရာတွင် အလှည့် အပြောင်းအခြေအနေတစ်ရပ်ဖြစ်လာနိုင်ကြောင်းဖြင့်လည်း ပြောကြားခဲ့သည်။(Xinhua)