ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ) ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့် အီကွေ တာအနီး အိန္ဒိယသမုဒ္ဒရာတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း သည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိခဲ့ပြီး ယင်းမုန်တိုင်းငယ်၏ လက်ရှိအခြေအနေသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ၍ အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာ၊ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းက ဆင်ဟွာသို့...
ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများနှင့် လေဖိအားနည်းချိုင့်ဝှမ်း၏ အရှိန်ကြောင့်လည်းကောင်၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ ရေခိုး၊ ရေငွေ့ပါသည့်လေများ တိုက်ခတ်လာ ခြင်းတို့ကြောင့် လည်းကောင်း တိုင်းဒေသကြီးနှင့်ပြည်နယ် အချို့တွင် ဇန်နဝါရီ ၁၄ ရက်မှ ဇန်နဝါရီ ၁၉ ရက်အတွင်း အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ...
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ယခုလက်ရှိမှ လာမည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း အားအသင့်အတင့်ရှိသော လာနီညာအဆင့်တွင် ဆက်လက်တည်ရှိနိုင်ပြီး ဖေဖော်ဝါရီ နှင့် မတ်လများတွင် အားအနည်းငယ်ရှိသော လာနီညာအဆင့်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းက ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၂၃...
ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) အိန္ဒိယကမ်းခြေ ကိုဝင်ရောက်ပြီး ကုန်းတွင်းဖြတ်ကျော်လျက်ရှိသော အားကောင်းသောမုန်တိုင်း၏ အရှိန်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးကြီးခြင်း၊ မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းများဖြစ်ပေါ်နိုင်သောကြောင့် ပြည်သူများ သတိပြုနေထိုင်သင့်ကြောင်း မိုးလေဝဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ စက်တင်ဘာ ၁၃...
ရန်ကုန်၊ ဇွန်၊ ၃ ရက် (ဆင်ဟွာ) အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမြောက်ပိုင်းသို့ ဇွန် ၅ ရက်မှ ၆ ရက်အတွင်း ဝင်ရောက်မည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးမုတ်သုံဝင်ရောက်ကာ မိုးရာသီရောက်ပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ဇွန် ၃ ရက်တွင်ပြောသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ယခုနှစ် သည် လာနီညာနှစ်ဖြစ်သော်လည်း တစ်နိုင်ငံလုံးတွင် တိမ်ဖြစ်ထွန်းမှု ဖြစ်စဉ်များ ဖြစ်ပေါ်နေသောကြောင့် အပူချိန် ကျဆင်းနိုင်ခြင်းမရှိဘဲ ယခင်နှစ်ထက် အအေးပေါ့လျက်ရှိကြောင်း၊ ကျန်သည့် ဆောင်းကာလသည် အေးလိုက်၊ နွေးလိုက် ဆောင်းဖြစ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးရေးမှူး ဦးလှထွန်းက...
ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရေးသားသူ/ အေးလပြည့် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ချို့၌ ဒီဇင်ဘာ ၂၆ ရက်နောက်ပိုင်းတွင် မြူထူများဆိုင်းနိုင်သောကြောင့် ရေကြောင်း၊ လေကြောင်း ခရီးစဉ်များ အထူးဂရုပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ယနေ့ပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် အာရှဒေသမြို့ကြီးများအလိုက် ဖြစ်ပေါ်လျက်ရှိသည့် နေ့အပူချိန်များတွင် ရန်ကုန်မြို့သည် နေ့အပူချိန် ၃၃ ဒီဂရီစင်တီဂရိတ်ဖြင့် ဆောင်းတွင်းဖြစ်သော်လည်း အပူချိန်အမြင့်ဆုံးစာရင်းဝင်မြို့ ဖြစ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းက ဆင်ဟွာသို့ နိုဝင်ဘာ ၁၃ ရက်တွင်ပြောသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်) တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ မောင်တောမြို့၏ အနောက် -အနောက်တောင်ဘက် ရေမိုင် (၂၃၀) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊သို့သော်မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့...
ရန်ကုန်၊အောက်တိုဘာ၂၁ ရက် (ဆင်ဟွာ) အနောက်တောင်မုတ်သုံလေသည် မြန်မာတစ်နိုင်ငံလုံးမှ အောက်တိုဘာ၁၈ရက်တွင် ဆုတ်ခွါခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိရွာသွန်းနေသော မိုးသည်အခါလွန်မိုးဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ ဆောင်းတွင်းဝင်ရောက်ရန် မြောက်ပြန်လေ(သို့မဟုတ်)ဆောင်းမုတ်သုံလေတိုက်ခတ်မှုပေါ်မူတည်၍ နိုဝင်ဘာလဆန်းတွင် တစ်နိုင်ငံလုံး၌ ဆောင်းမုတ်သုံလေဝင်ရာကာဆောင်းရာသီသို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းကဆိုသည်။