Connect with us

Environment, Disasters & Accidents

ယခုလက်ရှိမှ လာမည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း အားအသင့်အတင့်ရှိသော လာနီညာအဆင့်တွင် ဆက်လက်တည်ရှိနိုင်

ဆောင်းရာသီ နံနက်ခင်းတွင် အလုပ်လုပ်နေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ယခုလက်ရှိမှ လာမည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း အားအသင့်အတင့်ရှိသော လာနီညာအဆင့်တွင် ဆက်လက်တည်ရှိနိုင်ပြီး ဖေဖော်ဝါရီ နှင့် မတ်လများတွင် အားအနည်းငယ်ရှိသော လာနီညာအဆင့်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းက ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၂၃ ရက်တွင် ပြောသည်။

“ဒီနှစ်ဆောင်းက လာနီညာသက်ရောက်မှုရှိလို့ အေးတဲ့အခြေအနေ ကို ကြာရှည်ခံစားရတဲ့ အခြေအနေရှိတယ်။ အရင်နှစ်တွေကတော့ တစ်ရက်၊ ၂ ရက်အေးပြီး ပြန်အအေးပေါ့တယ်။ ဒီနှစ် ကတော့ အေးမြမှုကို ရက်ရှည်ခံစားရတာပေါ့။ လာနီညာဖြစ်စဉ်ကြောင့် လာနီညာ ရာသီဥတု ခံစားရတဲ့အတွက် မတ်လမှာလည်း အေးတာတို့ မိုးရွာတာတို့ဖြစ်နိုင်တယ်။’’ ဟု ဦးလှထွန်းက ဆိုသည်။

လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်ပြီး အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် ဆောင်းရာသီကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ အရှေ့မြောက်မုတ်သုံလေအားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင် ညအပူချိန်များ လျော့ နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိကြောင်း မိုးလေဝသနှင့် ဇလဗဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

လာနီညာဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် အအေးပိုမိုခံစားရနိုင်ကြောင်း ဦးလှထွန်းက ဆိုသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117