Connect with us

Environment, Disasters & Accidents

မုန်တိုင်းငယ်က မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ၍ အဝါရောင်အဆင့်သတ်မှတ်

မုန်တိုင်းသွားသည့်လမ်းကြောင်း ပြ မိုးလေဝသဂြိုဟ်တုဓာတ်ပုံအားတွေ့ရစဉ် (ဓာတ်ပုံ- မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ)

ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့် အီကွေ တာအနီး အိန္ဒိယသမုဒ္ဒရာတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း သည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိခဲ့ပြီး ယင်းမုန်တိုင်းငယ်၏ လက်ရှိအခြေအနေသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ၍ အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာ၊ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းက ဆင်ဟွာသို့ ယနေ့ မတ် ၃ ရက်တွင်ပြောသည်။

အဆိုပါမုန်တိုင်းငယ်သည် မြောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မုန်တိုင်းငယ်အဖြစ်သို့ ပိုမိုအားကောင်းလာကာ၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင်(၇၇၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်း မြို့၏ အနောက်တောင်ဘက် ရေမိုင်(၈၉၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နာဂါပတ္တနမ် (Nagapattinam)မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၄၂၀)မိုင်ခန့်၊ ပူဒူချယ်ရီမြို့၏ တောင်- အရှေ့တောင်ဘက် ရေမိုင် (၄၈၀)မိုင် ခန့်နှင့် ချင်းနိုင်မြို့၏ တောင်- အရှေ့တောင်ဘက် ရေမိုင် (၅၂၀)မိုင် ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။

“မုန်တိုင်းရဲ့လက်ရှိအခြေအနေကတော့ မြန်မာနိုင်ငံ ဦးတည်ဝင်ရောက်မယ့်အခြေအနေ မရှိဘူး။ ဒါပေမယ့် မုန်တိုင်းရဲ့ အရှိန်ကြောင့် နေရာတချို့မှာ မိုးရွာသွန်းနိုင်တယ်’’ ဟု ဦးလှထွန်းကပြောသည်။

အဆိုပါ မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး၊ နောက်(၂၄)နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ်(Deep Depression) အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ၎င်းကဆိုသည်။   (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117