ရန်ကုန် ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန် အိုချာ(ငြိမ်း) ၏ ဖိတ်ကြားချက်အရ မကြာမီကာလအတွင်း ထိုင်းနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် သွားရောက်မည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။
နေပြည်တော်၊ မေလ ၉ ရက်( ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ကျောက်ခဲ့ကျစ်အား မေလ ၉ ရက်နေ့က နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
နေပြည်တော် ၊ မတ် ၂၃ ရက်(ဆင်ဟွာ) ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ် တင်မြှောက်လိုက်သည့် ဒုတိယ သမ္မတ ဦးဝင်းမြင့်၏ အမည်အား ပြည်ထောင်စု လွှတ်တော် နာယကထံ တင်ပြသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယနေ့ကြေညာခဲ့သည်။
နေပြည်တော် ၊ မတ် ၂၁ ရက်(ဆင်ဟွာ) ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ရာထူးမှ နုတ်ထွက်ကြောင်း ယနေ့မတ် ၂၁ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့သည်။
နေပြည်တော်၊ မတ်လ ၁၇ ရက် (ဆင်ဟွာ) ပြည်သူ့လွှတ်တော် ကိုယ်စားများသည် မိမိတို့မဲဆန္ဒရှင် ပြည်သူများ၏ ဆန္ဒနှင့် မျှော်လင့်ချက်များကို ပြည့်ဝစေရန် တာဝန်ကျေပွန်စွာ ဆက်လက် ကြိုးပမ်းကြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့်က ယနေ့ ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး အပြီးတွင် တိုက်တွန်းပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ပြည်တွင်း ဈေးကွက်အတွင်း မသန့်ရှင်းသော စားသုံးဆီများကို ပြန်လည် သန့်စင်ပြီး စားအုန်းဆီနှင့် ရောနှော ရောင်းချနေတာတွေကို ထိထိရောက်ရောက် အရေးယူရန် စီးပွား ကူးသန်း ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။