Connect with us

Politics, Law & Military

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် ဇနီး ထိုင်းနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်

၂၀၁၈ ခုနှစ် ဧပြီလ အတွင်း နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှတဆင့် စင်ကာပူ နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်အား တွေ့ ရစဉ် (ဓာတ်ပုံ- သမ္မတရုံးဝန်ကြီးဌာန)

ရန်ကုန် ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ)

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန် အိုချာ(ငြိမ်း) ၏ ဖိတ်ကြားချက်အရ မကြာမီကာလအတွင်း ထိုင်းနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် သွားရောက်မည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်သမ္မတသည် ချစ်ကြည်ရေး ခရီးစဉ်နှင့် တစ်ဆက်တည်း ဗန်ကောက်မြို့၌ ကျင်းပမည့် (၈)ကြိမ် မြောက် ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ(အက်မက်စ်) ထိပ်သီး အစည်းအဝေးနှင့် (၉)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ်(စီအယ်လ်အမ်ဗွီ)ထိပ်သီး အစည်းအဝေးသို့လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်သည် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခံရပြီးနောက် ပထမဆုံး ခရီးစဉ် အဖြစ် ဧပြီလတွင် စင်ကာပူနိုင်ငံ၌ ကျင်းပသော (၃၂)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်ရန် သွားရောက်ခဲ့ကြောင်း သိရသည်။(Xinhua)