လန်ဒန် ၊ ဧပြီ ၈ ရက်(ဆင်ဟွာ) COVID-19 ကူးစက်ခံထားရသော ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်သည် ဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်၌ ဒုတိယမြောက်ည ကို ဆက်လက်ဖြတ်သန်းနေထိုင်ခဲ့ရကြောင်း နှင့် ၎င်း၏ အခြေအနေမှာ တည်ငြိမ်လျက်ရှိကြောင်း ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူက ဧပြီ ၇ ရက်တွင် ပြောကြားခဲ့သည်။
ဝူဟန့် ၊ဧပြီ ၈ ရက်(ဆင်ဟွာ) ဝူဟန့်မြို့မှထွက်ခွာမည့်လမ်းကြောင်းများ ထိန်းချုပ်စီမံမှုကို ဧပြီ ၈ ရက်တွင် ဖျက်သိမ်းလိုက်ပြီးနောက် ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်းများ ပုံမှန် ပြန်လည် လည်ပတ်မှု စတင်နေပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ ဧပြီ ၇ ရက်(ဆင်ဟွာ) COVID-19 ရောဂါကာကွယ်ရန် မြန်မာနိုင်ငံရှိ တရုတ် ကုမ္ပဏီ နှစ်ခု ဖြစ်သည့် Hytera Communications Corp. Ltd(Myanmar) နှင့် China State Construction Engineering Corporation CSCEC Myanmar ကုမ္ပဏီတို့က မြန်မာနိုင်ငံ...
ဘန်ကောက် ၊ ဧပြီ ၆ ရက် (ဆင်ဟွာ) ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်နိုင်ရန်အတွက် ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဋ္ဌာနီပြည်နယ်ရှိ ခရီးသွား လာရောက်မှုများပြားသော ကော့စမွေကျွန်းကို ဧပြီ ၇ ရက်မှစ၍ လကုန်အထိ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ကြောင်း ဧပြီ ၆ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဝူဟန် ၊ ဧပြီ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်တွင် ဧပြီ ၆ ရက်၌ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားမှုအသစ် မရှိကြောင်း ဟူပေ ကျန်းမာရေးကော်မရှင်က ဧပြီ ၇ ရက်၌ ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဧပြီ ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါဖြင့် သေဆုံးသူ ၁၁၄ ဦး နှင့် အတည်ပြုလူနာ ၄,၄၂၁ ဦး ရှိလာကြောင်း အိန္ဒိယ နိုင်ငံကျန်းမာရေးဝန်ကြီးဌာန က ဧပြီ ၇ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ထရီပိုလီ၊ ဧပြီ ၇ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသူတစ်ဦး ပထမဆုံးပြန်လည်ကျန်းမာလာခဲ့ကြောင်း ကုလသမဂ္ဂကျောထောက်နောက်ခံပြုထားသည့် လစ်ဗျားအစိုးရ၏ နိုင်ငံအဆင့်ရောဂါထိန်းချုပ်ရေးစင်တာက ဧပြီ ၆ ရက်တွင် ကြေညာခဲ့သည်။
ရောမ၊ ဧပြီ ၇ ရက် (ဆင်ဟွာ) အီတလီနိုင်ငံ၌ ဧပြီ ၆ ရက် ဒေသစံတော်ချိန် ၁၈:၀၀နာရီအချိန်အထိ COVID-19 ရောဂါအတည်ပြုလူနာ စုစုပေါင်း ၁၃၂,၅၄၇ ဦးရှိရာ ပြီးခဲ့သောရက်ကထက် ၃,၅၉၉ ဦး တိုးလာကြောင်း ၊ ၎င်းမှာ အသစ်ထပ်တိုး လူနာ အရေအတွက် နှစ်ရက်ဆက်တိုက်...
နယူးယောက် ၊ ဧပြီ ၇ ရက်(ဆင်ဟွာ) ဧပြီ ၆ရက် အမေရိကန်နိုင်ငံ အရှေ့ပိုင်း စံတော်ချိန် (EST) ၁၃ နာရီ ၃၀ မိနစ် အချိန်အထိ အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁၀,၃၃၅ ဦး ရှိကြောင်း Johns Hopkins...
နေပြည်တော်၊ ဧပြီ ၇ ရက်(ဆင်ဟွာ) COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးအတွက် တပ်မတော် ကာကွယ်ရေး ဦစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဦးစီးပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိများ၊ စစ်သည်များနှင့် အရပ်သား အစားခန့် ဝန်ထမ်းများက မိမိတို့၏ လုပ်ခ...