Connect with us

WORLD

COVID-19 ထိန်းချုပ်နိုင်ရန် ထိုင်းနိုင်ငံ၏ နာမည်ကျော် ကော့စမွေ အပန်းဖြေကျွန်း အဝင်အထွက်ပိတ်ပင်

ထိုင်းနိုင်ငံတွင် COVID-19 တိုက်ဖျက်ရေးတာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက် ၊ ဧပြီ  ၆ ရက် (ဆင်ဟွာ)

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်နိုင်ရန်အတွက် ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဋ္ဌာနီပြည်နယ်ရှိ ခရီးသွား လာရောက်မှုများပြားသော ကော့စမွေကျွန်းကို ဧပြီ ၇ ရက်မှစ၍  လကုန်အထိ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ကြောင်း ဧပြီ ၆ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဧပြီ ၇ ရက်မှစ၍ ရက်သတ္တပတ်သုံးပတ်ကြာ ဝင်ရောက်ခွင့် ပိတ်လိုက်ကြောင်း ကော့စမွေကျွန်း အုပ်ချုပ်ရေးမှူး ရမ်နက်ဂျိုက်ဝမ် (Ramnet Jaikwang) က ဧပြီ ၆ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။ ၎င်းကြေညာချက်သည် ဧပြီ ၃၀ ရက်တွင် အဆုံးသတ်မည့် ထိုင်းဝန်ကြီး ချုပ် ပရာယွတ်ချန်အိုချာ (Prayut Chan-o-cha) ၏ အရေးပေါ်ဒီဂရီ ကြေညာချက်နှင့် ကာလတစ်ပြေးညီဖြစ်ကြောင်း သိရသည်။“ပြီးခဲ့တဲ့ ၇၂ နာရီအတွင်း COVID-19 ကူးစက်ခံရခြင်းမရှိကြောင်း ပြည်သူ့ဆေးရုံရဲ့ ကျန်းမာရေးထောက်ခံချက်မပါရှိရင်ဘယ်သူ့ကိုမှ ကော့စမွေကျွန်းသို့ဝင်ရောက်ခွင့်ပြုမှာ မဟုတ်ဘူး” ဟု ရမ်နက်က ပြောခဲ့သည်။(Xinhua)