ရန်ကုန်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် လာမည့်အပတ်တွင် COVID-19 ရောဂါကျော်လွှာရေး၊အောင်နိုင်ရေးကို အထူးအလေးထားပြီး လုပ်ဆောင်မည်ဖြစ်ကြောင်း အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် တပ်မတော်၏ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီအား ဥက္ကဋ္ဌ အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် နှင့် အတွင်းရေးမှူး အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး အပါအဝင် အဖွဲ့ဝင် စုစုပေါင်း ၅ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အမေရိကန်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁သိန်း ၁သောင်းကျော်ရှိကြောင်းနှင့် ပြင်သစ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၄ သောင်းကျော်ရှိလာကြောင်း နိုဝင်ဘာ ၇ ရက်အထိရရှိသော သတင်းများအရ သိရသည်။
နယူးယောက် ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ /စိုးမိုး အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၉.၅ သန်းကျော် အထိရောက်ရှိလာကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ နိုဝင်ဘာ ၅ ရက်ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် မြန်မာနိုင်ငံ၌ တစ်ရက်အတွင်း COVID-19 ရောဂါဖြစ်ပွားသူ ၉၉၅ ဦးတွေ့ရှိကြောင်း ယနေ့ (နိုဝင်ဘာ ၅ ရက် ) ညပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် မြန်မာနိုင်ငံ၌ ယနေ့ (နိုဝင်ဘာ ၄ ရက်) ညပိုင်းအထိ COVID-19 ရောဂါဖြစ်ပွားသူ၅၆,၉၀၀ကျော် ရှိပြီး သေဆုံးသူ ၁,၃၃၀ ဦးရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံတွင် ကပ်ရောဂါစတင်ပျံ့နှံ့ချိန်မှစတင်ကာ COVID-19 ရောဂါ ကူးစက်ခံရသော ကလေးငယ်အရေအတွက်သည် ၈၅၀,၀၀၀ ကျော်ရှိလာပြီးဖြစ်ကြောင်း အမေရိကန်ကလေးသူငယ်ကျန်းမာရေးလေ့လာမှုအကယ်ဒမီ နှင့် ကလေးဆေးရုံများအသင်းမှ ထုတ်ပြန်သော အစီရင်ခံစာ အသစ်တစ်စောင်အရ သိရသည်။
ဂျီနီဗာ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး COVID-19 ကပ်ရောဂါ ကာလတွင် ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ တုတ်ကွေးရောဂါ ဖြစ်ပွားမှုအန္တရာယ်ကို ပို၍ ဂရုစိုက် သတိထားသင့်ကြောင်း၊ နိုင်ငံအသီးသီးအနေဖြင့် တုပ်ကွေးရောဂါ စောင့်ကြည့်စစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်ကြရန် တိုက်တွန်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ပညာရှင်များက နိုဝင်ဘာ ၂ ရက်တွင် အလေးထား...
တီဘလီစီ ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)ဘာသာပြန် – ခေါန်ရိန် ဂျော်ဂျီယာနိုင်ငံ ဝန်ကြီးချုပ် Giorgi Gakharia သည် နိုဝင်ဘာ ၂ ရက်က ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးခဲ့ရာ ရောဂါတွေ့ရှိခဲ့ကြောင်း သိရသည်။
ဗျူနိုအေးရစ် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် အာဂျင်တီးနားနိုင်ငံသည် ရုရှားနိုင်ငံမှ ထုတ်လုပ်သော “Sputnik V” COVID-19 ရောဂါကာကွယ်ဆေးဝါး ၂၅ သန်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ အတွင်း ဝယ်ယူသွားမည်ဖြစ်ကြောင်း အာဂျင်တီးနားနိုင်ငံသမ္မတ အယ်ဗာတိုဖာနန်ဒက်(Alberto...