Connect with us

WORLD

အာဂျင်တီးနားနိုင်ငံက ရုရှားနိုင်ငံမှ COVID-19 ကာကွယ်ဆေး ၂၅ သန်းဝယ်ယူမည်

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရစ်မြို့တွင် နှာခေါင်းစည်းတပ်ဆင်သွားလာနေသူတစ်ဦးအား ဇူလိုင် ၁၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Martin Zabala/Xinhua)

ဗျူနိုအေးရစ် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

အာဂျင်တီးနားနိုင်ငံသည် ရုရှားနိုင်ငံမှ ထုတ်လုပ်သော “Sputnik V” COVID-19 ရောဂါကာကွယ်ဆေးဝါး ၂၅ သန်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ အတွင်း ဝယ်ယူသွားမည်ဖြစ်ကြောင်း အာဂျင်တီးနားနိုင်ငံသမ္မတ အယ်ဗာတိုဖာနန်ဒက်(Alberto Fernandez) က ရုရှားမီဒီယာသို့ နိုဝင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။

“ လိုအပ်တဲ့ ထိုးဆေး နှစ်ကြိမ်စာအတွက် သူတို့က တစ်ကြိမ်ကို ၁၀ သန်းစီ ပေးသွားမှာပါ ၊ လာမည့်ဒီဇင်ဘာလ မှာ ကာကွယ်ဆေးတွေကို စတင်ရနိုင်မယ် ၊ ပြီးတော့ ဇန်နဝါရီလ အစပိုင်းရက်တွေမှာလည်း ဆေးတွေထပ်ရမှာပါ ၊ သူတို့ကျွန်တော့်ကိုပြောတာကတော့ ကာကွယ်ဆေး ၁၅ သန်းပေါ့” ဟု ရုရှားနိုင်ငံ Sputnik သတင်းအေဂျင်စီနှင့်ပြုလုပ်သော သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ဘရာဇီးသမ္မတဖာနန်ဒက်က ထည့်သွင်းပြောကြားခဲ့သည်။

“ ဒီဇင်ဘာလောက်မှာ ကာကွယ်ဆေးစထိုးနိုင်ပါလိမ့်မယ်” ဟု ၎င်းက ပြောကြားခဲ့ပြီး “ ဒါက သိပ်ကိုအရေးကြီးပါတယ် ၊ ဘာကြောင့်လဲဆိုတော့ အာဂျင်တီးနားနိုင်ငံမှာရှိတဲ့ ထိခိုက်လွယ်တဲ့အသက်အရွယ်အပိုင်းအခြားအုပ်စုတွေကို ကျွန်တော်တို့ ကာကွယ်ဆေးထိုးပေးနိုင်တော့မှာပါ” ဟု ဆက်လက်ပြောကြားခဲ့သည်။

အာဂျင်တီးနားအာဏာပိုင်များက ရုရှားနိုင်ငံမော်စကိုမြို့သို့ သွားရောက်ခဲ့ပြီးနောက် ယခုကဲ့သို့ ရုရှားနှင့်ကာကွယ်ဆေးဝယ်ယူရန် အပြီးသတ် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း ဘရာဇီးပြည်တွင်း မီဒီယာက ဖော်ပြခဲ့သည်။
Sputnik V ကာကွယ်ဆေးကို မော်စကိုမြို့ရှိ Gamaleya သုတေသနဌာနမှ တီထွင်ထုတ်လုပ်ခဲ့ပြီး ယင်းဆေးဝါးများကို ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရံပုံငွေအဖွဲ့(RDIF) မှ ဈေးကွက်သို့ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အာဂျင်တီးနားနိုင်ငံတွင် မတ်လ ၃ ရက်က ပထမဆုံး COVID-19 ရောဂါအတည်ပြုလူနာတွေ့ရှိကြောင်းကြေညာခဲ့ပြီး ၊ နိုဝင်ဘာ ၁ ရက် ညပိုင်းအထိ နိုင်ငံအတွင်း အတည်ပြုလူနာစုစုပေါင်း ၁,၁၇၃,၅၃၃ ဦးနှင့် သေဆုံးသူ ၃၁,၁၄၀ ဦး ရှိခဲ့ကြောင်း သိရသည်။(Xinhua)