ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ယနေ့ (စက်တင်ဘာ ၄ ရက်) နံနက်ပိုင်း၌ ဓာတ်ခွဲအတည်ပြုလူနာ ၂၂ဦး ထပ်မံစစ်ဆေးတွေ့ရှိပြီး COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာများထဲမှ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
မော်စကို၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံတွင် စက်တင်ဘာ ၁ ရက်အထိ COVID-19 ရောဂါ စုစုပေါင်း အတည်ပြုလူနာအရေအတွက်သည် ၁ သန်း ကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။ စာသင်နှစ်သစ်အတွက် ရုရှားအစိုးရအနေဖြင့် စာသင်ကျောင်း ရောဂါထိန်းချုပ်ရေး သတ်မှတ်ချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။
ကန်ဘာရာ၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုးသည် ဇွန်လ သုံးလပတ်တွင် ၇.၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အကြီးမားဆုံး သုံးလပတ်ကျဆင်းမှု မှတ်တမ်းဝင်သွားကြောင်း စက်တင်ဘာ ၂ ရက်တွင် ဩစတြေးလျနိုင်ငံ စာရင်းအင်းဗျူရို (ABS) က ထုတ်ပြန်သည့် စာရင်များအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ယနေ့ (စက်တင်ဘာ ၃ ရက်) ညပိုင်း ဓာတ်ခွဲအတည်ပြုလူနာ ၅၃ ဦး ထပ်မံစစ်ဆေးတွေ့ရှိသဖြင့် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁,၁၁၁ ဦးရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နယူးဒေလီ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် COVID-19 ဖြစ်ပွားသူဦးရေသည် စက်တင်ဘာ ၃ ရက်၌ ၃,၈၅၃,၄၀၆ ဦးအထိ ရောက်ရှိလာခဲ့ပြီး သေဆုံးသူဦးရေမှာလည်း ၆၇,၃၇၆ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
ဟောင်ကောင်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရ၏ COVID-19 စမ်းသပ်စစ်ဆေးမှုအတွက် စက်တင်ဘာ ၂ ရက် ညနေပိုင်းအထိ ဟောင်ကောင်ဒေသခံ ၈၀၀,၀၀၀ နီးပါး ကြိုတင်စာရင်းပေးသွင်းခဲ့ကြကြောင်း သိရသည်။ဒေသခံ ၂၇၈,၀၀၀ ဦးသည် စက်တင်ဘာ ၁ ရက်က လူထုအားလုံးပါဝင်သည့် ရောဂါစစ်ဆေးမှုအစီအစဉ်...
ဘရာဇီးလီးယား၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံရှိ အကျဉ်းထောင် နှင့် လေလွင့်လူငယ် ထိန်းသိမ်းရေးစခန်းများမှတစ်ဆင့် COVID-19 ရောဂါ လျင်မြန်စွာပျံ့နှံ့လျက်ရှိပြီး အကျဉ်းသား ၃၃,၀၀၀ နီးပါး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို စမ်းသပ်တွေ့ရှိခဲ့ကြောင်း နိုင်ငံတော်တရားစီရင်ရေးကောင်စီ၏ စက်တင်ဘာ ၂ ရက်၌ ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။
ဗီယင်ကျန်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) လာအိုနိုင်ငံတွင် မတ် ၂၄ ရက်မှစ၍ ပထမဆုံး COVID-19 ရောဂါ အတည်ပြုလူနာ စတင်တွေ့ရှိခဲ့သည်။
တိုကျို၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံအစိုးရအနေဖြင့် ဒေသခံများအားလုံးကို COVID-19 ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခြင်းဖြင့် အနာဂတ်တွင် လူသေဆုံးမှုအရေအတွက်နှင့် ရောဂါလက္ခဏာပြင်းထန်သူများနှင့် ဆေးရုံတက်ရန် လိုအပ်မှုများကို လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း ယင်းကိစ္စနှင့်စပ်လျဉ်းသည့် သတင်းရင်းမြစ်များက စက်တင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးဌာန(CDC) က အလားအလာကောင်းသော ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ဖြန့်ဖြူးရေးအတွက် လာမည့် နိုဝင်ဘာ ၁ ရက်တွင် အသင့်ဖြစ်နေရန် ပြည်နယ်အစိုးရများအား ပြောကြားခဲ့ကြောင်း အမေရိကန်မီဒီယာက စက်တင်ဘာ ၂ ရက်တွင် သတင်းဖော်ပြခဲ့သည်။