Connect with us

MYANMAR

 မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁,၁၁၁ ဦးရှိလာ

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအဖြစ် ရပ်ကွက်များအတွင်း ဆေးစစ်မှုများပြုလုပ်နေစဉ်(ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

 မြန်မာနိုင်ငံတွင် ယနေ့ (စက်တင်ဘာ ၃ ရက်) ညပိုင်း ဓာတ်ခွဲအတည်ပြုလူနာ ၅၃ ဦး ထပ်မံစစ်ဆေးတွေ့ရှိသဖြင့် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁,၁၁၁ ဦးရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယနေ့ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁,၁၂၇အား စစ်ဆေးရာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ ၅၃ ဦး စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၌ သာကေတမြို့နယ်တွင် ၅ ဦး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၃ ဦး၊ မင်္ဂလာဒုံမြို့နယ်တွင် ၂ ဦး၊ ဗဟန်းမြို့နယ်တွင် ၂ ဦး၊လှိုင်မြို့နယ်တွင် ၁ ဦး၊ ရန်ကင်းမြို့နယ်တွင် ၁ ဦး၊ စမ်းချောင်းမြို့နယ်တွင် ၁ ဦး၊ ကြည့်မြင်တိုင်မြို့နယ် ၁ ဦး၊ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ၁ ဦး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် ၁ ဦးနှင့် အင်းစိန်တွင် ၁ ဦး စုစုပေါင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၁၉ ဦးတွေ့ရှိခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်တွင် ၁ ဦး၊ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် ၁၈ ဦးနှင့် မင်းပြားမြို့နယ်တွင် ၁၂ ဦး စုစုပေါင်း ရခိုင်ပြည်နယ်တွင် ၃၀ ဦး၊ မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၁ ဦးနှင့် မော်လမြိုင်တွင် ၁ ဦး စုစုပေါင်း ၂ ဦးနှင့် ရှမ်းပြည်နယ် လွိုင်လင်မြို့နယ်တွင် ၁ဦးတို့တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း (၃၅၉) ဦး ရှိပြီး ၎င်းတို့အနက် (၃၅၆) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။  (Xinhua)