Connect with us

WORLD

 ရုရှားနိုင်ငံတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၁ သန်းကျော် ရှိလာ

ရုရှားနိုင်ငံ စိန့်ပီတာစပတ်မြို့ရှိ စာသင်ကျောင်းဖွင့်ပွဲမြင်ကွင်းတစ်ခုအား စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) 

ရုရှားနိုင်ငံတွင် စက်တင်ဘာ ၁ ရက်အထိ COVID-19 ရောဂါ စုစုပေါင်း အတည်ပြုလူနာအရေအတွက်သည် ၁ သန်း ကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။ စာသင်နှစ်သစ်အတွက် ရုရှားအစိုးရအနေဖြင့် စာသင်ကျောင်း ရောဂါထိန်းချုပ်ရေး သတ်မှတ်ချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။ 

ရုရှားနိုင်ငံ ရောဂါကာကွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ စက်တင်ဘာ ၁ ရက်က ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ရုရှားနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်ထပ်တိုးလူနာသစ် ၄,၇၂၉ ဦး ဖြင့် စုစုပေါင်း အတည်ပြုလူနာ ၁,၀၀၀,၀၄၈ ဦး ၊ အသစ်ထပ်တိုးသေဆုံးသူ ၁၂၃ ဦးဖြင့် စုစုပေါင်း သေဆုံးသူ ၁၇,၂၉၉ ဦး၊ ထပ်တိုး ရောဂါသက်သာ ပျောက်ကင်းသူ ၆,၃၁၈ ဦးဖြင့် စုစုပေါင်း ရောဂါ သက်သာ ပျောက်ကင်းသူ ၈၁၅,၇၀၅ ဦး အသီးသီး ရှိကြောင်း သိရသည်။ ဩဂုတ်လတွင် အသစ်ထပ်တိုးအတည်ပြုလူနာ ၁၅၅,၃၃၈ ဦး ရှိရာ ၎င်းမှာ ဇူလိုင်လထက် ၁၉.၁၅ ရာခိုင်နှုန်း လျော့နည်းသွားခြင်းဖြစ်ကြောင်း သိရသည်။ 

ရုရှားနိုင်ငံ စိန့်ပီတာစပတ်မြို့ရှိ စာသင်ကျောင်းဖွင့်ပွဲမြင်ကွင်းတစ်ခုအား စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွ

စာသင်နှစ်သစ်ကို စက်တင်ဘာ ၁ ရက်တွင် စတင်မည်ဖြစ်ပြီး စာသင်ကျောင်းများ ရောဂါကာကွယ်ရေးသတ်မှတ်ချက်ကို လိုက်နာပါက စာသင်ခန်းတွင် သင်ကြားပို့ချနိုင်ကြောင်း ပညာရေးဝန်ကြီးဌာနက ဆုံးဖြတ်ထားသည်ဟု ရုရှားနိုင်ငံ အစိုးရ၏ ကိုရိုနာဗိုင်းရပ်စ် တားဆီးရေး သတင်းဝဘ်ဆိုက် တွင် ဖော်ပြထားသည်။ 

သတ်မှတ်ချက်များအရ စာသင်ကျောင်းအဝင်ဝတွင် ကိုယ်ပူချိန်တိုင်းခြင်း၊ ကျောင်းစာသင်ခန်းအား နေ့စဉ်ပိုးသတ်ခြင်းနှင့်လေဝင်လေထွက်ကောင်းအောင် ထားရှိခြင်း၊ ၁.၅ မီတာ အကွာ Social Distance ထားရှိခြင်း၊ အလယ်တန်းမူလတန်းများ၏စာသင်ချိန်နှင့်ထမင်းစားချိန်ကို အတန်းအလိုက် ခွဲ၍ ရှောင်လွှဲ စားသောက်နိုင်ရန် စီစဉ်ပေးခြင်း များလုပ်ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။ 

 

ရုရှားနိုင်ငံ မော်စကိုမြို့ မြင်ကွင်းအား စက်တင်ဘာ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပညာရေးဝန်ကြီးဌာနအနေဖြင့် ဆရာဆရာမများကို မဖြစ်မနေ ကာကွယ်ဆေးထိုးရန် ကန့်သတ်ချက်ထားရှိခြင်းမရှိသလို ကျောင်းသားကျောင်းသူများကိုလည်း ကျောင်းဝင်းအတွင်း မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ရန် ကန့်သတ်ချက်မထားကြောင်း သိရသည်။ စာသင်ကျောင်းဝန်ထမ်းများအနေဖြင့် နှာခေါင်းစည်းတပ်ဆင်ရန် လိုမလိုကို ပြည်နယ်အစိုးရက မြေပြင်အခြေအနေအရ ဆုံးဖြတ်မည်ဖြစ်သည်။

ရုရှား ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂ ရက်မှစ၍ အလယ်တန်း၊မူလတန်းကျောင်းသူကျောင်းသားများ၏ ကျန်းမာရေး စောင့်ကြည့်မှုစနစ် စတင် အသုံးပြုမည်ဖြစ်ပြီး ယင်းစနစ် အရ နေ့စဉ် နေရာဒေသအသီးသီးရှိ စာသင်ကျောင်းများ၏ ရောဂါအခြေအနေကိန်းဂဏန်းများကို စုစည်းပေးမည်ဖြစ်ကြောင်း သိရသည်။ ဆရာဆရာမကျောင်းသားကျောင်းသူများ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပါက ကျောင်းအနေဖြင့် သီးခြားခွဲထားရန် လိုအပ်မှုရှိမရှိကို ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် သီးခြားခွဲထားသည့်ကာလတွင် အွန်လိုင်းသင်ကြားမှုလိုအပ်ချက်အတွက်လည်း အချို့ဒေသများတွင် အလယ်တန်း၊မူလတန်း အွန်လိုင်းသင်ကြားမှုစနစ်ကို စမ်းသပ်လျက်ရှိရာ အောင်မြင်ပါက တစ်နိုင်ငံလုံးတွင် အလယ်တန်း၊မူလတန်း ဒီဂျစ်တယ်သင်ကြားမှုစနစ်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ကာကွယ်ဆေး သုတေသနပြုထုတ်လုပ်မှုတွင် Russian Gazette ၏စက်တင်ဘာ ၁ ရက်သတင်းများအရ  “Sputnik V”ကာကွယ်ဆေး လက်တွေ့သုတေသနပြု စမ်းသပ်ရာတွင် ပါဝင်ရန် volunteers ၂ သောင်းခွဲ ကျော် ကို Gamaleya ကူးစက်ရောဂါနှင့် အဏုဇီဝဗေဒဆိုင်ရာ အမျိုးသား သုတေသနစင်တာက ခေါ်ယူပြီဖြစ်ကြောင်းသိရသည်။ အစီအစဉ်အရ volunteers စုစုပေါင်း ၄ သောင်းထိ ရှိမည်ဖြစ်ကြောင်း သိရသည်။ 

ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီး Murashko၏ စက်တင်ဘာ ၁ ရက်တွင် ပြောကြားချက်အရ စက်တင်ဘာလတွင် ထုတ်လုပ်မည့် “Sputnik V”ကာကွယ်ဆေးကို လက်တွေ့သုတေသနပြုရာတွင် ပထမဆုံးအသုံးပြုသွားမည်ဖြစ်ကြောင်း၊ ထို့နောက် ရောဂါကူးစက်မှုအန္တရာယ်များသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာဆရာမအများအတွက် မိမိသဘောဆန္ဒအလျောက်ကာကွယ်ဆေးထိုး၍ရကြောင်း သုတေသန ရလဒ်ကို စောင့်ရန်မလိုအပ်ကြောင်း ဆိုသည်။ မော်စကိုမြို့ ကျန်းမာရေးဌာန၏ တောင်းဆိုချက်များအရ   “Sputnik V”မထိုးမီ  တုပ်ကွေးကာကွယ်ဆေးထိုးရန် လိုအပ်ကြောင်းနှင့် ထိုကာကွယ်ဆေး နှစ်မျိုးကို အနည်းဆုံး တစ်လခြား ထိုးရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.