07
Sat, Dec
488 New Articles

ရန်ကုန် ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့က ဧပြီလ ၂၅ ရက်နေ့ ၌ မြန်မာ နိုင်ငံ သို့ ချစ်ကြည်လည်ပတ်ရေး ခရီးစဉ် ဖြင့် ရောက်ရှိနေသည့် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေး ဌာန ဝန်ကြီး ပစ္စတာ ဆုန့်ထောင်း(Mr.Song Tao) ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ အား လက်ခံ တွေ့ဆုံ ခဲ့သည်။

နေပြည်တော် ၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဧပြီလ ၂၄ ရက်နေ့ ညနေပိုင်း အချိန်တွင် မြန်မာ နိုင်ငံ သို့ ချစ်ကြည်လည်ပတ်ရေး ခရီးစဉ် ဖြင့် ရောက်ရှိလာ သည့် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေး ဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း(Mr.Song Tao) အား လက်ခံတွေ့ဆုံ ခဲ့သည်။

ဟနွိုင်း ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့ က မတ်လ ၃၁ ရက်နေ့၌ ဗီယက်နမ် နိုင်ငံ ဟနွိုင်း မြို့တွင် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့သည်။

ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ)

သို့

ဦးဝင်းမြင့်

သမ္မတကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အကြောင်းအရာ။ ။ ဝမ်းမြောက်ကြောင်းဂုဏ်ပြုလွှာပေးပို့ခြင်း

လေးစားအပ်ပါသောဦးဝင်းမြင့်ခင်ဗျား

အဆွေတော် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတကြီးအဖြစ်ရွေးချယ်ခံရကြောင်း သိရှိရသည့်အတွက် ကျွန်ုပ်သည် အဆွေတော်ထံသို့ လှိုက်လှဲစွာဝမ်းမြောက်ကြောင်း ဂုဏ်ပြုလွှာပို့သလိုပါသည်။

[မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Mr. Hong Liang ရေးသားသည်။]

တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက် ပြည်လုံးကျွတ်ညီလာခံကို ၂၀၁၇ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့တွင် ပေကျင်း၌ အောင်မြင်စွာ ကျင်းပခဲ့ ပါသည်။ အဆိုပါ အစည်းအဝေးသည် တရုတ်နိုင်ငံအတွက်ရော တစ်ကမ္ဘာလုံးအတွက် ပါ ကြီးမားနက်ရှိုင်းသည့် သြဇာသက်ရောက်မှုရှိသော အရေးပါသည့် အစည်းအဝေး တစ်ရပ်ဖြစ်ပါသည်။ အစည်းအဝေး၏ အဓိကဆောင်ပုဒ်မှာ "မူရင်းစိတ်ကို မအောက်မေ့ ဘဲ တာဝန်ကိုစွဲစွဲမြဲမြဲမှတ်သားပြီး တရုတ်ထူးခြားချက်လက္ခဏာပါရှိသော ဆိုရှယ်လစ် ဝါဒကို လက်ကိုင်ထားကာ အသင့်အတင့်ချမ်းသာသည့် လူမှုအဖွဲ့အစည်းကို ဘက်စုံ တည်ဆောက်ခြင်းဖြင့် ခေတ်သစ်တရုတ်ထူးခြားချက်လက္ခဏာပါရှိသော ဆိုရှယ်လစ် ဝါဒအောင်မြင်မှုများကို ရယူ၍ ကြီးမြတ်သည့် တရုတ်အမျိုးသားပြန်လည် ဖွံ့ဖြိုးတိုးတက် ရေးဟူသော တရုတ်အိပ်မက်ကို အကောင်အထည်ဖော်ရန်အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ရေး" ဖြစ်ပါသည်။ ညီလာခံတွင် Xi Jinping ၏ ခေတ်သစ် တရုတ်ထူးခြားချက်လက္ခဏာပါရှိသော ဆိုရှယ်လစ်ဝါဒအတွေးအခေါ်ကို အတည်ပြုပြီး ယခုရာစုနှစ်အလယ်ပိုင်းတွင် ချမ်းသာ၊ ဒီမိုကရေစီကျကျ၊ ယဉ်ကျေးမှုရှိသော သင့်မြတ် သာယာသည့်ဆိုရှယ်လစ်ဝါဒခေတ်မီနိုင်ငံကြီးကိုတည်ဆောက်ရန် လမ်းကြောင်းမြေပုံ နှင့် အချိန်ဇယားကို ဘက်စုံချမှတ်၍ ကြီးမြတ်သည့် တရုတ်အမျိုးသားပြန်လည် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလုပ်လမ်းညွှန်ပေးခဲ့ပါသည်။

နေပြည်တော် ၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှင့် ကာကွယ်ရေး ဆိုင်ရာ ဆွေးနွေးပွဲစကားဝိုင်းသစ် တစ်ခုကို ဇန်နဝါရီလ ၁၇ ရက်တွင် ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံအကြား နယ်စပ်ဒေသများတွင် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး၊ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ အခြေအနေနှင့်ပတ်သက်၍ နီးကပ်စွာ ချိတ်ဆက်ဆောင်ရွက်သွားရန် ၊ အနာဂတ်နှစ်ဖက်ဆက်ဆံရေးတိုးတက်ခိုင်မာစေရန် ဆွေးနွေး ကတိပြုခဲ့ကြသည်။

ရန်ကုန် ၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သိပ္ပံ သုတေသန သင်္ဘော "ရှန်ရန်ဟုန် - ၃" (Xiang Yang Hong 03 ) က မြန်မာ နိုင်ငံ ပညာရှင်များ နှင့် အတူတကွ သုသေတန လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရန် အတွက် ဇန်နဝါရီ ၁၇ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ သီလဝါ ဆိပ်ကမ်း သို့ရောက်ရှိ ခဲ့သည်။

Page 5 of 5