ရောမ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) အီတလီနိုင်ငံတွင် ဒီဇင်ဘာလ ၄ ရက်က ပြုလုပ်သည့် အစိုးရအဖွဲ့ ကျောထောက်နောက်ခံပြုထားသော အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေး ဆန္ဒခံယူပွဲ၌ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်မည် ဖြစ်ကြောင်း အီတလီနိုင်ငံ ဝန်ကြီးချုပ် Matteo Renzi က...
နယူးဒေလီ၊ ဒီဇင်ဘာ ၅ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း Rajasthan ပြည်နယ်တွင် ဒီဇင်ဘာ၄ရက်က ကားနှစ်စီး ပြင်းထန်စွာ တိုက်မိ၍ အနည်းဆုံး လူ ၈ဦးသေဆုံးပြီး အခြား ၁၂ဦးဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင် မြို့ရှိ မြို့လယ်တံတား၌ ဒီဇင်ဘာ ၄ရက်နေ့ နံနက်ပိုင်းက TNT ယမ်းပြင်းများထည့်ထားသော သံပုံးတစ်လုံးဖြင့် ပြုလုပ်ထား သည့် ဒေသန္တရလုပ် မိုင်းဗုံးအား တွေ့ရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ မုံးကိုးမြို့ရှိ မုံးကိုးတပ်စခန်းအား KIA၊TNLA၊ MNDAAနှင့်AA လက်နက်ကိုင် ပူးပေါင်းအဖွဲ့တို့ ၁၄ရက်ကြာတိုက်ခိုက်ခဲ့ရာမှ ဒီဇင်ဘာ ၄ရက်နေ့တွင် တပ်မတော်က အဆိုပါ မုံးကိုးမြို့အား ထိန်းချုပ်နိုင်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်လိုက်သည်။
ဂါဇာ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ဖယောင်းတိုင်အားအသုံးပြု၍ လျှပ်စစ်ဓါတ်အားပေးနိုင်သည့် Thermal Power Charging ကိရိယာကို အသက် ၁၆ နှစ်အရွယ်ရှိ ဂါဇာကမ်းမြောင်ဒေသမှဆယ်ကျော်သက်မိန်းကလေး တစ်ဦး က တီထွင်ခဲ့ကြောင်းသိရသည်။ အဆိုပါကိရိယာမှာ ဖယောင်းတိုင်များကို မီး ထွန်းညှိရာမှ လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်ပေးခြင်းဖြစ်ပြီး ထို စွမ်းအင်ကို...
ဘရက်ဆဲလ် ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ဘယ်လ်ဂျီယံနိုင်ငံ၌ ကျင်းပမြဲဖြစ်သော ဘီယာပွဲတော်ကို ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံ နှင့် ယဉ်ကျေးမှု အဖွဲ့ယူနက်စကို(UNESCO) ၏ ယဉ်ကျေးမှုအမွေအနှစ် တစ်ခုအဖြစ် နိုဝင်ဘာလ ၃ဝရက်က စာရင်းသွင်းခဲ့ကြောင်း သိရသည်။ထို့ပြင် ယူနက်စကိုအဖွဲ့သည် ဘယ်လ်ဂျီယံနိုင်ငံ၏ ရိုးရာဘီယာထုတ်လုပ်သည့်အတတ်ပညာ ကျွမ်းကျင်မှုအပိုင်းကို...
ပေကျင်း၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ကာတွန်းရုပ်သဏ္ဍာန် ဘုန်းတော်ကြီးစက်ရုပ်ကိုပေကျင်းမြို့ ၏ ဆင်ခြေဖုံးရပ်ကွက် ရှိလုံးချွမ်ဘုန်းတော်ကြီးကျောင်းတွင် မြင်တွေ့ရမည်ဖြစ်သည်။အဆိုပါ ဘုန်းတော်ကြီးစက်ရုပ်မှ ဂါထာ များကို ရွတ်ဆိုနိုင်သည့်အပြင် ဗုဒ္ဓဘာသာဆိုင်ရာ အမေးအဖြေ အချို့ကို ပါ ဖြေကြားနိုင်သည်။ထိုစက်ရုပ်ကို မနှစ်က တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး တရုတ် လူမှု မီဒီယာများတွင် ပျံ့နှံ့ခဲ့ကာ...
ဘန်ကောက် ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရေကြီးရေလျှံမှုဆိုးရွားစွာ ဖြစ်ပေါ်လျက်ရှိနေပြီး အနည်းဆုံးလူပေါင်း ၁၁ ဦးသေဆုံးကာ ၂ ဦးပျောက်ဆုံးလျက်ရှိကြောင်း ဒေသတွင်းသတင်းမီဒီယာများက ဒီဇင်ဘာလ ၅ ရက်တွင် ရေးသားဖော်ပြခဲ့ကြသည်။
ဘန်ကောက်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ၏ အိမ်ရှေ့စံ မဟာဝချီရာလောင်ကွန်းသည် သက်တော် ၆၄ နှစ် အရွယ်တွင် ထိုင်း မင်းဆက် ၏ ဒဿမမြောက် ရာမဘုရင် အဖြစ်ထီးနန်း အရိုက်အရာကို တရားဝင် ဆက်ခံလိုက်ပြီ ဖြစ်သည်။ ဘုရင်မင်းမြတ်၏နန်းတက်ပွဲအခမ်းအနားကိုယနေ့တွင်ကျင်းပခဲ့သည်။ (Xinhua)
နယူးဒေလီ၊ ဒီဇင်ဘာ ၅ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ချပ်ပြည်နယ် တွင် ပြုလုပ်ခဲ့သည့် မင်္ဂလာဆောင်တစ်ခု၌ ဧည့်သည်တစ်ဦး က ကချေသည် အမျိုးသမီးတစ်ဦးအား ၎င်း၏ အတူတွဲကရန် ငြင်းဆိုခဲ့သည့်အတွက် သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၄ရက်တွင် ပြောကြားခဲ့သည်။