Connect with us

Asia

အိန္ဒိယတွင် ကားနှစ်စီး ပြင်းထန်စွာတိုက်မိ၍ ၈ဦးသေဆုံး

အိန္ဒိယနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဒီဇင်ဘာ ၅ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း Rajasthan ပြည်နယ်တွင် ဒီဇင်ဘာ၄ရက်က ကားနှစ်စီး ပြင်းထန်စွာ တိုက်မိ၍ အနည်းဆုံး လူ ၈ဦးသေဆုံးပြီး အခြား ၁၂ဦးဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကားတိုက်မှု သည် Rajasthan ပြည်နယ် မြို့တော် Jaipurမြို့ မြောက်ဘက် ၂၅၉ကီလိုမီတာခန့် အကွာ Churu ခရိုင် Hariasar ရွာ အနီးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးက Churu ခရိုင် Hariasar ရွာအနီးတွင် ဒီဇင်ဘာ ၄ရက်က SUV ကားနှစ်စီး တိုက်မိခဲ့၍ လူ၈ဦး သေဆုံးကာ ၁၂ဦးဒဏ်ရာရရှိခဲ့ကြောင်း နှင့် SUV ကားတစ်စီးသည် ရှေ့တာယာကွဲကာ ပြောင်းပြန်လန်သွားစဉ် နောက်မှ အရှိန်ဖြင့် မောင်းလာသည့် SUV ကားက ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။အဆိုပါ ယာဉ်မတော်တဆမှုဖြစ်ပွားပြီးနောက် ဒေသခံများသည် အခင်းဖြစ်ပွားရာသို့ အလျင်အမြန် ရောက်ရှိလာကာ ရဲတပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် ဒဏ်ရာရရှိသူများအား ကယ်ဆယ်ခဲ့ကြောင်း သိရသည်။သေဆုံးသူများသည် အမျိုးသမီး ၅ဦးနှင့် ကလေးငယ် ၃ဦးဖြစ်ကြောင်း သိရသည်။အိန္ဒိယနိုင်ငံတွင် ဝန်ပိုတင်ဆောင်ခြင်း၊ လမ်းများ ပျက်စီးယိုယွင်းနေခြင်း နှင့် မဆင်မခြင်မောင်းနှင်မှုများကြောင့် သေစေနိုင်လောက်သည့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117