Connect with us

Europe

ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ဆန္ဒခံယူပွဲ ရှုံးနိမ့်ပြီးနောက် အီတလီဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်

ဒီဇင်ဘာလ ၅ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရာထူးမှ နုတ်ထွက်မည် ဖြစ်ကြောင်း ကြေညာလိုက်သော အီတလီနိုင်ငံ ဝန်ကြီးချုပ် Matteo Renzi အား တွေ့ရစဉ် (ဆင်ဟွာ)

ရောမ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

အီတလီနိုင်ငံတွင် ဒီဇင်ဘာလ ၄ ရက်က ပြုလုပ်သည့် အစိုးရအဖွဲ့ ကျောထောက်နောက်ခံပြုထားသော အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေး ဆန္ဒခံယူပွဲ၌ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်မည် ဖြစ်ကြောင်း အီတလီနိုင်ငံ ဝန်ကြီးချုပ် Matteo Renzi က ဒီဇင်ဘာလ ၅ ရက် နံနက်ပိုင်က ကြေညာလိုက်သည်။

“ကျွန်တော်တို့ရဲ့ အစိုးရအဖွဲ့ အတွေ့အကြုံတွေကတော့ ပြီးဆုံးသွားခဲ့ပါပြီ၊ မနက်ဖြန် နေ့လည်ပိုင်းမှာ ကျွန်တော့် အစိုးရအဖွဲ့နဲ့ တွေ့ဆုံဖို့ရှိပြီး ဝန်ကြီးတွေကို ကျေးဇူးတင်ကြောင်း ပြောကြားမှာ ဖြစ်တယ်၊ ပြီးရင် သမ္မတ နန်းတော် Quirinale ကိုသွားပြီး နုတ်ထွက်စာတင်ပါမယ်” ဟု Renzi က ဒီဇင်ဘာလ ၅ ရက် အစောပိုင်းက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ဒေသခံ မီဒီယာများ ဖော်ပြချက်အရ ယင်း ဆန္ဒခံယူပွဲ၌ ကန့်ကွက်သူများမှ ၄၁ ရာခိုင်နှုန်းရရှိခဲ့ပြီး ကန့်ကွက်သူ ၅၉ ရာခိုင်နှုန်း ရရှိခဲ့သဖြင့် ကန့်ကွက်သူများဘက်က အနိုင်ရရှိသွားခဲ့ကြောင်း သိရသည်။မဲရုံများအား ဒေသစံတော်ချိန် ည ၁၁း၀၀ နာရီအချိန်၌ ပိတ်သိမ်းခဲ့ကာ ရလဒ် အတိအကျကို ဒီဇင်ဘာလ ၅ ရက် နှောင်းပိုင်းတွင် ထုတ်ပြန်သွားမည် ဖြစ်သည်။ပြန်ကြားရေး ဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်သည့် ယာယီ အချက်အလက်များအရ မဲပေးသူ ၆၅ ရာခိုင်နှုန်းရှိခဲ့ကာ အီတလီနိုင်ငံ စံနှုန်းအရ ထင်ရှားသည့် ဆန္ဒခံယူပွဲ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.