နေပြည်တော်၊ ဖေဖော်ဝါရီ ၃ ရက် ( ဆင်ဟွာ) ဒုတိအကြိမ် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ နံနက် ၁၀နာရီတွင် နေပြည်တော်၌ စတင်ကျင်းပလျှက်ရှိသည်။
နေပြည်တော် ၊ ဖေဖော်ဝါရီ ၂ ရက် ( ဆင်ဟွာ) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော် သမ္မတ ဖြစ်စေရန် လုပ်ဆောင်နေကြောင်း NLD နာယက ဦးတင်ဦးက ယနေ့ ဖေဖော်ဝါရီ ၂ ရက် နေပြည်တော်၌ သတင်းမီဒီယာများ...
ရန်ကုန်၊ဖေဖော်ဝါရီ၂ရက်(ဆင်ဟွာ) တရုတ်နှစ်သစ်ကူးပွဲတော်ကို နှစ်စဉ်နှစ်တိုင်းတရုတ်လူမျိုးများကကျင်းပလေ့ရှိကြောင်း၊ ထိုကဲ့သို့ ကျင်းပခြင်းကြောင့် တရုတ်-မြန်မာနှစ်နိုင်ငံအိမ်နီးချင်းအချင်းချင်းရင်းနှီးမှုကိုပိုမိုခိုင်မာစေကြောင်း၊မြန်မာနှင့် တရုတ် နှစ်နိုင်ငံသည် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးမျိုးရှိကြသည့် အိမ်နီးချင်းကောင်းများ ဖြစ်ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးမစ္စတာဟုန်လျန်က ၎င်း နေအိမ်တွင် ကျင်းပသည့် တရုတ်နှစ်သစ်ကူးပွဲတော်တွင် ဖေဖော်ဝါရီလ ၂ရက်က ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) တရုတ် ရိုးရာနှစ်သစ်အား ကြိုဆိုသည့် အထိမ်းအမှတ် အဖြစ် တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်အားယနေ့ဖေဖော်ဝါရီ ၂ ရက်တွင် ရန်ကုန်မြို ့ပြည်လမ်းမပေါ်ရှိမြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးမစ္စတာဟုန်လျန်၏ နေအိမ်၌ ကျင်းပပြုလုပ်လျှက် ရှိသည်။
ကီရပ်ဖ် ၊ ဖေဖော်ဝါရီ (၂)ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ၊ ကီရပ်ဖ် မြို့တွင် အရုပ်နှင့် ကလေးကစားစရာပေါင်း ၁သောင်းကျော်အား အရုပ်ပြတိုက်အဖြစ် တည်ဆောက်ပြသထားကြောင်းသိရသည်။ အဆိုပါ အရုပ်များမှာ ၁၉၃ဝ ပြည့်လွန် နှစ်များဆီက အရုပ်များလည်းပါဝင်သလို ခေတ်ပေါ်အရုပ်များကိုလည်း ပြသထားသည်။ အဆိုပါပြတိုက်တွင် အရုပ်ပေါင်း ၆ဝဝ ကျော်စုဝေးပြသထား ပြီး...
ရန်ကုန်၊ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပေါရိသတ်မြို့ဟောင်း (ခေါ်)ကောသမ္ဘီမြို့ဟောင်း မြို့ဝင်ပေါက် စမ်းသပ် တူးဖော် သုတေသနပြုလုပ်ငန်းဆောင် ရွက်ပြီးစီးကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ဂျနီဗာ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) မွေးရာပါ ဦးနှောက်သေး ရောဂါနှင့် အာရုံကြော မူမမှန် ဖြစ်ပွားမှု ဘရာဇီးနိုင်ငံတွင် များပြားလာခြင်းကြောင့် နိုင်ငံတကာ နှင့် စပ်ဆိုင်သော လူထုကျန်းမာရေး အရေးပေါ် စိုးရိမ်ရမှု အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) က ဖေဖော်ဝါရီလ ၁...
ရန်ကုန်၊ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) နိုင်ငံခြားသားများ ယာဉ်မောင်းလိုင်စင်လာရောက်လျှောက်ထားမှု များတွင် နိုင်ငံတကာအသိအမှတ်ပြု ယာဉ်မောင်းလိုင်စင် (International Driving License ) ရှိမှသာ လိုင်စင်ထုတ်ပေးခြင်းဖြစ်ပြီး၊ တခြားအသိအမှတ်ပြုလက်မှတ်များ ဖြစ်ပါက သေချာပြန်လည် စစ်ဆေးပြီးမှသာ လိုင်စင်ထုတ်ပေးလျက်ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန်၊ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ယခုရက်ပိုင်းများတွင် ကမ္ဘာ့ရေနံဈေးနှုန်း ဆက်တိုက် ကျဆင်းမှုကြောင့် မြန်မာနိုင်ငံ၏ ရေနံရှာဖွေ တူးဖော်ရေး လုပ်ငန်းကဏ္ဍတွင် အကျိုး သက်ရောက်မှု များနှင့် ထိခိုက် နစ်နာမှုများ ရှိလာနိုင်ကြောင်း မြန် မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
စီချွမ်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် မျိုးဆက်သစ် ဂြိုလ်တု တစ်ခုအား ကမ္ဘာ့လမ်းကြောင်း နှင့် တည်နေရာ ကွန်ရက်အား ထောက်ပံ့ပေးနိုင်ရန်အတွက် ပေကျင်းစံတော်ချိန် ၃း၂၉ နာရီတွင် ဂြိုလ်ပတ်လမ်းကြောင်း အတွင်း သို့ လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။