Connect with us

Politics, Law & Military

နိုင်ငံခြားသားများ ယာဉ်မောင်းလိုင်စင်လာရောက်လျှောက်ထားမှု များတွင် နိုင်ငံတကာ အသိအမှတ်ပြု လိုင်စင်ရှိမှသာလိုင်စင်ထုတ်ပေးလျက်ရှိ

ရန်ကုန်မြို့တွင်းရှိ ပြည်ပမှ တင်သွင်းထားသော မော်တော်ယာဉ် အချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

နိုင်ငံခြားသားများ ယာဉ်မောင်းလိုင်စင်လာရောက်လျှောက်ထားမှု များတွင် နိုင်ငံတကာအသိအမှတ်ပြု ယာဉ်မောင်းလိုင်စင် (International Driving License ) ရှိမှသာ လိုင်စင်ထုတ်ပေးခြင်းဖြစ်ပြီး၊ တခြားအသိအမှတ်ပြုလက်မှတ်များ ဖြစ်ပါက သေချာပြန်လည် စစ်ဆေးပြီးမှသာ လိုင်စင်ထုတ်ပေးလျက်ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခင်က နိုင်ငံခြားသားများ ယာဉ်မောင်းလိုင်စင်လာရောက်လျှောက်ထားမှုမှာ တစ်လလျှင် တစ်ဦး၊ နှစ်ဦးသာရှိရာမှ ယခုနောက်ပိုင်းတွင် လစဉ်လျှောက်ထားမှု ၁၀ ခုခန့်အထိများပြားလာကြောင်း၊ တချို့တွင် (International Driving License )မပါရှိသဖြင့်ပြန်လည်ဖြေဆိုပြီးမှသာ မြန်မာနိုင်ငံတစ်ဝန်း မောင်းနှင်ခွင့်လိုင်စင်ထုတ်ပေးကြောင်းသိရသည်။

ယာဉ်မောင်းလိုင်စင် လာရောက်လျှောက်ထားရာတွင် အထူးသဖြင့် နိုင်ငံတကာအဖွဲ့အစည်းနှင့် သံရုံးများမှတာဝန်ရှိသူများက ၎င်းတို့၏ယာဉ်မောင်းကို တစ်ပါတည်းခေါ်ဆောင်လာသူများပြားပြီး တချို့နိုင်ငံခြားကုမ္ပဏီများကလည်း ၎င်းတို့၏နည်းပညာမြင့် လုပ်ငန်းသုံးကား၊ ယန္တရားများမောင်းနှင်ရန် လိုင်စင်လုပ်သူများပြားကြောင်း သိရသည်။ လာရောက်လျှောက်ထားသူ နိုင်ငံခြားသားအများစုမှာ ဥရောပယာဉ်မောင်းနှင်ခွင့် အသိအမှတ်ပြု လိုင်စင်များပြသကာပြည်တွင်း၌ မောင်းနှင်ခွင့်ရရန် လိုင်စင်လာရောက် လျှောက်ထားမှုများရှိသော်လည်း (International Driving License ) မဟုတ်သောကြောင့် လိုင်စင်ထုတ်ပေးခဲ့ခြင်းမရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.