Connect with us

Culture & Entertainment

တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်အားမြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးမစ္စတာဟုန်လျန် နေအိမ်၌ကျင်းပ

သံအမတ်ကြီးနှင့်ဇနီးနဂါးအကအားလှည့်လည်ကြည့်ရှုစဉ်

ရန်ကုန် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

တရုတ် ရိုးရာနှစ်သစ်အား ကြိုဆိုသည့် အထိမ်းအမှတ် အဖြစ် တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်အားယနေ့ဖေဖော်ဝါရီ ၂ ရက်တွင် ရန်ကုန်မြို ့ပြည်လမ်းမပေါ်ရှိမြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးမစ္စတာဟုန်လျန်၏ နေအိမ်၌ ကျင်းပပြုလုပ်လျှက် ရှိသည်။

ပွဲတော်တွင် တရုတ်ရိုးရာ နှစ်သစ်ကူးအထိမ်းအမှတ် အဖြစ် တရုတ် ရိုးရာအနုပညာ ဖြစ်သည့် ပန်းဖြင့် စာလုံးပုံဖော်ခြင်း ၊ ခြင်္သေ့ အကများ၊ တရုတ် ရိုးရာအက၊ အလှများအပြင် တရုတ် ရိုးရာမုန့်အမျိုးမျိုးများကို ပြုလုပ်နည်းများကိုထည့်သွင်း ပြသထားသည့် အပြင် မြန်မာနိုင်ငံရှိတရုတ်သတင်းမီဒီယာများ ဖြစ်ကြသည့် Xinhua ၊ ရွှေဇာမဏီ ၊ China.com တို့ကလည်း ပြခန်းများ ဝင်ရောက် ပြသခဲ့သည်။

သံအမတ်ကြီးကအခမ်းအနားသို့ တက်ရောက်လာသောဧည့်သည်တော်များအား ကြိုဆိုစဉ်

သံအမတ်ကြီးကနဂါးအကကပြသောလူငယ်များအားရင်းရင်းနှီးနှီးနှုတ်ဆက်စဉ်


မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးမစ္စတာဟုန်လျန်နေအိမ်၌ ကျင်းပ ပြုလုပ်သောတရုတ်ရိုးရာ နှစ်သစ်ကူးအထိမ်းအမှတ် ပွဲတော်သို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ၊ တရုတ်-မြန်မာချစ်ကြည်ရေးအသင်း အပါအဝင် ကုမ္မဏီ ၊ အဖွဲ့အစည်းအသီးသီးနှင့် စီးပွားရေးလုပ်ငန်းရှင်များလည်း ပါဝင် တက်ရောက်ကြသည်။
တရုတ်ရိုးရာ နှစ်သစ်ကူးအထိမ်းအမှတ် ပွဲတော်သို့မြန်မာနိုင်ငံရောက် တရုတ်နိုင်ငံသားများ ၊ ပြည်ပရောက် တရုတ်လူမျိုးများလည်းတက်ရောက်ခဲ့ပြီးပျော်ပျော်ပါးပါး ပါဝင် ဆင်နွှဲလျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.