ပေကျင်း ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) မကြာသေးမီနှစ်များအတွင်း ပြန်လည်သုံးသပ်ကြည့်လျှင် ကမ္ဘာလုံးဆိုင်ရာလွှမ်းခြုံစနစ်ကဆွဲဆောင်နိုင်မှုသာမက ဖိအားပေးဆောင်ရွက်နိုင်မှုတွင်လည်းကောင်း၊ စိတ်ပျက်ဖွယ်အကောင်းဆုံးအနေဖြင့်ရှေ့သို့တိုးတက်ဆောင်ရွက်နိုင်မှုတွင် ပါနိမ့်ကျဆုံးရှုံးခဲ့ရသည်ဟုဆိုရပေမည်။ ကမ္ဘာ့အသိုင်းအဝိုင်းအနေနှင့်လည်း ကမ္ဘာလုံးဆိုင်ရာလွှမ်းခြုံစနစ်အောင်မြင်ရေး ဆောင်ရွက်ရာတွင် အခက်အခဲပေါင်းများစွာကိုရင်ဆိုင်ရကာ တင်းကြပ်ခက်ခဲသည့်အခြေအနေ(သို့မဟုတ်) ရှုံးနိမ့် ရမည့်အခြေအနေသို့ပင်ရောက်ရှိခဲ့ရသည်ဟုဆိုနိုင်သည်။
ဆစ်ဒနီ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟောင်ကောင်မြို့ ပြီးလျှင် ကမ္ဘာပေါ်တွင်ဒုတိယဈေးအကြီးဆုံး အိမ်ယာဈေးကွက်တည်ရှိရာ မြို့အဖြစ် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့အား ဇန်နဝါရီ ၂၄ ရက်က သတ်မှတ်ခဲ့ကြောင်း သိရသည်။ လေ့လာသုံးသပ်ရေးအုပ်စု Demographia က ၂၀၁၇ခုနှစ် အိမ်ယာငွေကြေးသုံးစွဲနိုင်မှု စစ်တမ်းကောက်ယူအရ မြို့ ၂၉မြို့အား...
ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ မြေနီကုန်းခုံး ကျော်တံတားအောက်၌ ပြည်သူများအပန်းဖြေနေရာ ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့တွင်အဆိုပါ ခုံးကျော်တံတား အောက်၌ ကျင်းပခဲ့ကြောင်း မြေနီကုန်း ခုံးကျော်တံတား စီမံကိန်း မန်နေဂျာထံမှ သိရသည်။
ဝါရှင်တန်၊ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ) ကမ္ဘာကြီး၌ ရင်ဆိုင်ကြုံတွေ့နေရသော အကြမ်းဖက်ဝါဒကို အိန္ဒိယ နှင့် အမေရိကန် နှစ်နိုင်ငံပူးပေါင်း၍ နှိမ်နှင်းတိုက်ခိုက်သွားရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ တို့နှစ်ဦးသည် ဇန်နဝါရီလ ၂၄ ရက်က ကတိပြုခဲ့ကြကြောင်း သိရသည်။
နေပြည်တော်၊ ဇန်ဝါရီ ၂၄ ရက် (ဆင်ဟွာ) မဟာ မဲခေါင်ဒေသတွင်း ဘေးကင်း လုံခြုံ၍ သဘာ၀ ပတ်ဝန်းကျင်နှင့် ညီသော စိုက်ပျိုးရေး အခြေခံ ထွက်ကုန်များ တန်ဖိုး ကွင်းဆက် တစ်လျှောက် အားဖြည့်ဆောင်ရွက်သွားရန်နှင့် ယှဉ်ပြိုင်မှု စွမ်းရည် တိုးမြင့်လာစေရန် ဆောင်ရွက်မည်ဟု လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန အမြဲတမ်း...
ရန်ကုန် ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် သည် မကြာခင် ကျရောက်တော့မည် တရုတ်ရိုးရာ နှစ်သစ်ကူး အတွက် နှစ်သစ် ဆုမွန်တောင်း စကား ပြောကြား ခဲ့ပြီး မီဒီယာ များနှင့်...
နေပြည်တော်၊ ဇန်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ငလျင်ဘေးဒဏ်ခံနိုင်သည့် မြန်မာနိုင်ငံ ဖြစ်စေရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ ပါဝင်သည့် ဗဟိုအဆင့် မြေငလျင်ဘေး လျော့ပါးရေး အဖွဲ့အစည်း ဖွဲ့စည်းရန် စီစဉ်လျက်ရှိကြောင်း လူမှုဝန်ထမ်း ပြန်လည် နေရာချထားရေးနှင့် ကယ်ဆယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ...
ကွာလာလမ်ပူ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ တန်ဖိုးသင့်လေကြောင်းလိုင်း AirAsia က ဗြိတိန်နိုင်ငံ လေယာဉ်အင်ဂျင်ထုတ်လုပ်သူ ရိုးလ်ရွိုက်စ်၏ လာဘ်ပေးလာဘ်ယူကိစ္စတွင် ၎င်းအနေဖြင့် ပါဝင်ပတ်သက်ခြင်းမရှိဟု ငြင်းဆန်ခဲ့ကြောင်း ပြည်တွင်း မီဒီယာက ဇန်နဝါရီ ၂၄ ရက်တွင်ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ်နှင့် မန်တုံမြို့အနီးဝန်းကျင် ရွှေလီမြစ်ကြောင်းတစ်လျှောက်၌ သစ်ခိုးအဖွဲ့များက သစ်များခိုးထုတ်လျက်ရှိကြောင်းသတင်းအရ တပ်မတော်စစ်ကြောင်းများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ သစ်ခိုးအဖွဲ့များမှ ခိုးထုတ်လျက်ရှိသည့် တရားမဝင်သစ်များနှင့် သစ်တင်ယာဉ်များသိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။