Connect with us

Australia / Oceania

ကမ္ဘာ့ဒုတိယဈေးအကြီးဆုံး အိမ်ယာဈေးကွက်တည်ရှိရာ မြို့အဖြစ် ဆစ်ဒနီမြို့ ရပ်တည်

New South Wales ပြည်နယ် ဝန်ကြီးချုပ်သစ် Gladys Berejiklian အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟောင်ကောင်မြို့ ပြီးလျှင် ကမ္ဘာပေါ်တွင်ဒုတိယဈေးအကြီးဆုံး အိမ်ယာဈေးကွက်တည်ရှိရာ မြို့အဖြစ် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့အား ဇန်နဝါရီ ၂၄ ရက်က သတ်မှတ်ခဲ့ကြောင်း သိရသည်။

လေ့လာသုံးသပ်ရေးအုပ်စု Demographia က ၂၀၁၇ခုနှစ် အိမ်ယာငွေကြေးသုံးစွဲနိုင်မှု စစ်တမ်းကောက်ယူအရ မြို့ ၂၉မြို့အား အလွန်ဈေးကြီးသောအိမ်ယာဈေးကွက်ရှိသည့် မြို့များအဖြစ် အစဉ်လိုက်သတ်မှတ်ခဲ့ပြီး ၎င်းတို့အနက် ငါးမြို့မှာ သြစတြေးလျနိုင်ငံမှ ဖြစ်ကြောင်းသိရသည်။

ဆစ်ဒနီမြို့ ရှိ အိမ်တစ်လုံး၏ ပျမ်းမျှဈေးနှုန်းသည် ဒေသခံများ၏ တစ်နှစ်ပျမ်းမျှဝင်ငွေထက် ၁၂.၂ဆ ပိုမိုများပြားနေပြီး ဟောင်ကောင်မြို့သည် ၁၈.၁ဆဖြင့် ထိပ်ဆုံး၌ရပ်တည်နေကြောင်း သိရသည်။

၂၀၁၂ခုနှစ်မှစ၍ ဆစ်ဒနီမြို့ရှိ နေအိမ်တစ်လုံး၏ ဈေးနှုန်းသည် ၆၉ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး သြစတြေးလျနိုင်ငံ၏ ဒုတိယမြောက် ဈေးအကြီးဆုံးမြို့ဖြစ်သော မဲလ်ဘုန်းမြို့သည် အဆိုပါကာလတူအတွင်း နေအိမ်ဈေးနှုန်း ၅၁ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။

မကြာသေးမီက New South Wales ပြည်နယ် ဝန်ကြီးချုပ်ဖြစ်လာသည့် Gladys Berejiklian က ၎င်း၏ လက်ထက်အတွင်း ကမောက်ကမဖြစ်နေသည့် ဆစ်ဒနီမြို့ အိမ်ဈေးကွက် အား အဓိကထားဆောင်ရွက်ရမည့် ကိစ္စများအနက် တစ်ခုအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.