Connect with us

Education & Health

ဒေသတွင်း စိုက်ပျိုးထုတ်လုပ်မှု တန်ဖိုးကွင်းဆက်တစ်လျှောက် အားဖြည့် ဆောင်ရွက်မည်

ဘေးကင်း လုံခြုံ၍ သဘာဝ ပတ်ဝန်းကျင်နှင့် ညီသော စိုက်ပျိုးရေး အခြေခံ ထွက်ကုန်များ တန်ဖိုး ကွင်းဆက် ဖွံ့ ဖြိုးတိုးတက်ရေး အမျိုးသား အဆင့် ဆွေးနွေးပွဲတွင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာ တင်ထွဋ်မိန့် ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

မဟာ မဲခေါင်ဒေသတွင်း ဘေးကင်း လုံခြုံ၍ သဘာ၀ ပတ်ဝန်းကျင်နှင့် ညီသော စိုက်ပျိုးရေး အခြေခံ ထွက်ကုန်များ တန်ဖိုး ကွင်းဆက် တစ်လျှောက် အားဖြည့်ဆောင်ရွက်သွားရန်နှင့် ယှဉ်ပြိုင်မှု စွမ်းရည် တိုးမြင့်လာစေရန် ဆောင်ရွက်မည်ဟု လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာ တင်ထွဋ် က ယနေ့နံနက်ပိုင်းတွင် ပြောခဲ့သည်။

“မဲခေါင်ဒေသတွင်းရှိ လုပ်ကွက်ငယ် တောင်သူများ၊ ကျေးလက်နေ အမျိုးသမီးများ၊ အငယ်စားနှင့် အလတ်စား စိုက်ပျိုးရေး လုပ်ငန်းရှင်များရဲ့ စိုက်ပျိုး ထုတ်လုပ်မှု တန်ဖိုး ကွင်းဆက် တစ်လျှောက်လုံး (Safe and environment – friendly agro-based value chains) အတွက် အားဖြည့် ဆောင်ရွက် သွားဖို့နဲ့ ယှဉ်ပြိုင်မှု စွမ်းရည် တိုးမြင့်လာစေဖို ကို အဓိကထား ဆောင်ရွက်သွားပါမယ်” ဟု နေပြည်တော် Horizon Lake View ဟိုတယ်တွင် ယနေ့နံနက် ကျင်းပခဲ့သည့် ဘေးကင်း လုံခြုံ၍ သဘာ၀ ပတ်ဝန်းကျင်နှင့် ညီသော စိုက်ပျိုးရေး အခြေခံ ထွက်ကုန်များ တန်ဖိုး ကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေး အမျိုုးသား အဆင့် ဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

နေပြည်တော် Horizon Lake View ဟိုတယ်တွင် ယနေ့နံနက် ကျင်းပသည့် ဘေးကင်း လုံခြုံ၍ သဘာ၀ ပတ်ဝန်းကျင်နှင့် ညီသော စိုက်ပျိုးရေး အခြေခံ ထွက်ကုန်များ တန်ဖိုး ကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေး အမျိုုးသား အဆင့် ဆွေးနွေးပွဲကို တွေ့ရစဉ် (ဆင်ဟွာ)

မဟာမဲခေါင်ဒေသခွဲ နိုင်ငံများအားသဘာဝပတ်ဝန်းကျင်နှင့် လျော်ညီသော စိုက်ပျိုးရေး နည်းစနစ်များကို အသုံးပြု၍ ဘေးကင်း လုံခြုံသော အစားအစာ ထုတ်လုပ်သည့် ဥိးဆောင်နိုင်ငံများ အဖြစ် အသိအမှတ်ပြုစေ ရန်နှင့် ကမ္ဘာ့ဈေးကွက်သို့ဒေသတွင်း စီးပွားရေး လမ်းမကြီးများမှတစ်ဆင့် ထိုးဖောက် ဝင်ရောက်နိုင်စေရန် ဟူသော Core Agriculture Support Program Phase 2 (CASP 2)၏ မျှော်မှန်းချက် ပြည့်မီစေရန် ဆောင်ရွက်သွားမည့် နည်းဗျူဟာ ဖြစ်ကြောင်း၊ အဆိုပါ နည်းဗျူဟာကို ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် ဗီယက်နမ် နိုင်ငံ ဒါနန်မြို့၌ ပြုလုပ်ခဲ့သည့် ဒေသတွင်း စိုက်ပျိုးရေး လုပ်ငန်းအဖွဲ့၏ (၁၃) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး၏ သဘောတူညီချက်များအရ ရေးဆွဲခြင်းဖြစ်ပြီး ၎င်းနှစ် ဒီဇင်ဘာ (၁)ရက်တွင် ထိုင်းနိုင်ငံ ချင်းရိုင်မြို့တွင် ပြုလုပ်ခဲ့သည့် (၂၁) ကြိမ်မြောက် မဟာမဲခေါင် ဒေသခွဲ ဝန်ကြီးများ အဆင့် အစည်းအဝေးက အသိအမှတ်ပြုခဲ့ကြောင်း လည်း ဒေါက်တာ တင်ထွဋ်က ရှင်းလင်း ပြောကြားသည်။

ထို့အပြင် ၎င်းက “ဒီနည်းဗျူဟာနဲ့လုပ်ငန်းစဉ်တွေကို ၂၀၁၇ ခုနှစ် ဇွန်လမှာ အပြီးသတ် ဆောင်ရွက်သွားပါ မယ်၊ ပြီးရင် ၂၀၁၇ ခုနှစ်ထဲမှာ ကျင်းပမယ့် ဒုတိယအကြိမ် မဟာမဲခေါင် ဒေသခွဲစိုက်ပျိုးရေး ဝန်ကြီးများ အဆင့် အစည်းအဝေးမှာ အတည်ပြု ထောက်ခံချက် ရယူသွားပါမယ်” ဟုလည်း ပြောကြားခဲ့သည်။

အဆိုပါ နည်းဗျူဟာ၏ မဏ္ဍိုင်များမှာ :___ (က) ဘေးကင်း လုံခြုံ ပြီးသဘာ၀ ပတ်ဝန်းကျင်နှင့် လျော်ညီသော စိုက်ပျိုးရေး အခြေခံ ထွက်ကုန်များ ထုတ်လုပ်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုတို့နှင့် ပတ်သက်၍ သက်ဆိုင် ရာ နိုင်ငံများအလိုက် မူဝါဒ၊ စည်းမျဉ်းစည်းကမ်းနှင့် နည်းဥပဒေများ ဖွံ့ဖြိုးရေး၊ (ခ) အဆိုပါ ထွက်ကုန် များ၏ တန်ဖိုးကွင်းဆက်ဆိုင်ရာ အခြေခံ အဆောက်အအုံ့များ မဟာ မဲခေါင်ဒေသခွဲနိုင်ငံများ အကြား ဖွံ့ဖြိုး တိုးတက် ရေး၊ (ဂ) ဘေးကင်း လုံခြုံ ပြီးသဘာ၀ ပတ်ဝန်းကျင်နှင့် လျော်ညီသော စိုက်ပျိုးရေး အတွေ့အကြုံ ဗဟုသုတ များ မျှဝေခြင်းနှင့်တီထွင် ဆန်းသစ်မှုများ တိုးတက်မြင့်မားရေး၊ (ဃ) မဟာ မဲခေါင်နိုင်ငံများ အကြား စိုက်ပျိုးရေး ထွက်ကုန် အမှတ်တံဆိပ်နှင့် ဈေးကွက် ဖွံ့ဖြိုး တိုးတက် ရရှိရေးတို့ဖြစ်ကြပြီး ၂၀၁၈ ဇန်နဝါရီလမှစ၍ ၂၀၂၂ ဒီဇင်ဘာလ၊ ငါးနှစ်တာအတွင်း အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117