Connect with us

Culture

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က မြန်မာ နိုင်ငံ ပြည်သူလူထု တစ်ရပ်လုံး ထံသို့ တရုတ် ရိုးရာ နှစ်သစ်ကူး အတွက် ဆုမွန်တောင်း စကား ပြောကြား

တရုတ် ရိုးရာ နှစ်သစ်ကူး အတွက် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က ဆုမွန်တောင်း စကား ပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် သည် မကြာခင် ကျရောက်တော့မည် တရုတ်ရိုးရာ နှစ်သစ်ကူး အတွက် နှစ်သစ် ဆုမွန်တောင်း စကား ပြောကြား ခဲ့ပြီး မီဒီယာ များနှင့် တွေ့ဆုံမေးမြန်းမှုတစ်ရပ် ကို ဇန်နဝါရီ ၂၄ ရက်နေ့က ရန်ကုန်မြို့ရှိ သံအမတ်ကြီး အိမ်တော် တွင် ပြုလုပ် ခဲ့သည်။

သံအမတ်ကြီး ဟုန်လျန် က နှစ်သစ်ဆုမွန်တောင်း စကား ပြောကြားရာတွင် မကြာခင်ရောက်ရှိတော့မည့် တရုတ် ရိုးရာနှစ်သစ်ကူး အတွက် မိမိ အနေဖြင့် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ကိုယ်စား မြန်မာ နိုင်ငံ ရှိ တရုတ် ပြည်သူလူထုများ နှင့် မြန်မာ နိုင်ငံ ရှိ ပြည်သူလူထု အားလုံးကိုနှစ်သစ်ဆုမွန်ကောင်း တောင်းကြောင်း ၊ မြန်မာ နိုင်ငံ ရှိဆွေမျိုးပေါက်ဖော်ညီအကိုမောင်နှမ များအား နှစ်သစ်တွင် ကျန်းမာချမ်းသာပြီး သာယာချမ်းမြေ့စေလိုကြောင်း ၊ လုပ်ငန်းဆောင်ရွက်မှုများအောင်မြင်ပြီး စီးပွား လာဘ်လာဘများ ပွားများ စေလိုကြောင်း ၊ နှစ်သစ်တွင် မြန်မာ နိုင်ငံတော်ကြီးလည်း ပြုပြင်ပြောင်းလဲရေး များဆောင်ရွက်ရာတွင် ပိုမိုကြီးမား သည့် အောင်မြင်မှုများရရှိစေလိုကြောင်း ၊ တရုတ်-မြန်မာ ချစ်ကြည်ပူးပေါင်းဆက်ဆံရေးလည်း နှစ်သစ်တွင် အောင်မြင်မှု များစွာရရှိပြီး နှစ်နိုင်ငံ ပြည်သူလူထု ကို ပိုမို အကျိုးပြုစေရန် ဆုမွန်ကောင်း တောင်းကြောင်း ၊ မြန်မာ နိုင်ငံရှိ ပြည်သူလူထု အားလုံး ကျန်းမာ ၊ ချမ်းသာပါစေ ကြောင်းဆုမွန်ကောင်း တောင်းပြောကြားခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် နှင့် သတင်းမီဒီယာများ စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

ထို့နောက်တွင် သံအမတ်ကြီး ဟုန်လျန် က သတင်းမီဒီယာ သမား များ နှင့် တွေ့ဆုံမေးမြန်းခြင်း ခံယူ ခဲ့ပြီး တရုတ်-မြန်မာ ဆက်ဆံရေး နှင့် ပတ်သက်၍ မေးမြန်းမှု အား သံအမတ်ကြီးက လက်ရှိချိန်တွင် တရုတ်-မြန်မာ ဆက်ဆံရေး သည် အလွန်ကောင်းမွန်သည့် အခြေအနေတွင် ရှိနေပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ သည် မြန်မာ နိုင်ငံ အစိုးရ သစ် လက်ထက် တွင် ပထမ ဦးဆုံး လာရောက်လည်ပတ်သည့် နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့ကြောင်း ၊ဤသည်မှာတရုတ် နိုင်ငံ အစိုးရ ၏ မြန်မာ နိုင်ငံ နှင့် ချစ်ကြည်ပူးပေါင်းဆက်ဆံရေး ကို အလေးထားခြင်း နှင့် မြန်မာ နိုင်ငံ ၏ နိုင်ငံရေး ပြု ပြင်ပြောင်းလဲမှု အပေါ် ထောက်ခံခြင်း ကို ပေါ်လွင် စေကြောင်း ၊ မြန်မာ နိုင်ငံ ၏ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကလည်း တရုတ် နိုင်ငံ သို့သွားရောက်ပြီး တရုတ် နိုင်ငံ ခေါင်းဆောင်အသီးသီး နှင့် တွေ့ဆုံကာ သဘောတူညီမှု များလည်း ရရှိခဲ့ကြောင်း ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး အနေဖြင့် လည်း တရုတ်-မြန်မချစ်ကြည်ရေး ကို တွန်းအားပေး နိုင်သည့် ဆောင်ရွက်မှု များစွာ ကို အစဉ်အမြဲ အလေးထား ဆောင်ရွက် ခဲ့ကြောင်း ၊ ထို့ပြင် မြန်မာ နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးးကြီးမင်းအောင်လှိုင် ကလည်း တရုတ် နိုင်ငံ သို့သွားရောက်လည်ပတ် ခဲ့ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ကဏ္ဍအသီးသီး သည် အပြန်အလှန် ကူးလူးဆက်ဆံမှု ရှိကာ တရုတ် နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ကို ပိုမို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင်ကူညီဆောင်ရွက်ပေးရမည့် တာဝန် ရှိသည်ဟု ယူဆပြီး မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန် လက်တွဲခေါ်ဆောင်သွားမည် ဖြစ်ကြောင်း ၊ နှစ်သစ်တွင် တရုတ်-မြန်မာ ချစ်ကြည်ပူးပေါင်းဆောင်ရွက်ရေး ပိုမို ဖွံ့ဖြိုးတိုးတက် အောင်မြင်စေရန် ဆုမွန်ကောင်း တောင်းကြောင်း ပြောကြား ခဲ့သည်။မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ် တွင် တရုတ် နိုင်ငံ ၏ ကူညီဆောင်ရွက်မှု များနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် သံအမတ်ကြီးက တရုတ် နိုင်ငံ သည် မြန်မာ နိုင်ငံ ၏ လိုအပ်ချက်အရ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင်လည်း အရေးပါသည့် ဆောင်ရွက်မှုများကို တက်ကြွစွာ ဆောင်ရွက် ခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်း အားလုံး NCA စာချုပ်တွင် လက်မှတ်ရေးထိုး မှသာလျင် တိုက်ပွဲများ ဖြစ်ပွားမှု ကို ရပ်တန့်နိုင်မည် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ မြောက်ပိုင်းဒေသ ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များကိုလည်း NCA စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးရန် တွန်းအားပေး တိုက်တွန်းပြောဆိုခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ ရှိ တိုင်းရင်းသား ပြည်သူ အားလုံးသည် ဆွေမျိုးညီအကိုမောင်နှမ များဖြစ်ကြသောကြောင့် စည်းလုံးညီညွတ်ရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ငြိမ်းချမ်းရေး ဖြစ်စဉ် တွင် ပါဝင် ကူညီဆောင်ရွက်ရာတွင် မြန်မာ နိုင်ငံ မြောက်ပိုင်း ဒေသ ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များသည် ယနေ့ချိန်ထိ NCA စာချုပ်တွင် လက်မှတ် ပါဝင်ရေးထိုးခြင်း မရှိခဲ့သည် မှာနားလည်မှု လွဲမှားခြင်းများရှိနေသောကြောင့်ဖြစ်သည်ဟုယူဆကြောင်း၊ ထို့ကြောင့် တရုတ် နိုင်ငံ အစိုးရ အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များ နှင့် အစိုးရ တို့အကြား တွေ့ဆုံဆွေးနွေးမှု များကို ဆောင်ရွက်ပေး ခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်သည် အချိန်အတိုင်းအတာ တစ်ခု အားဖြင့် လိုအပ်မည် ဖြစ်ပြီး ကျွန်တော်တို့အနေဖြင့် ယုံကြည်မှု၊လုံ့လဝီရိယ နှင့် စိတ်ရှည်သည်းခံမှု တို့ကို လိုအပ်ကြောင်း ၊ မြန်မာ နိုင်ငံတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ ကို အောင်မြင်စွာ ကျင်းပ နိုင်ခဲ့သည် ကိုလည်း သိရှိခဲ့ရကြောင်း ၊ မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ် ကို ကူညီသောအားဖြင့် လာမည့် ၃ နှစ်သာ ကာလ အတွင်း မြန်မာ နိုင်ငံ ၏ လိုအပ်ချက်အရ အမေရိကန် ဒေါ်လာ ၃ သန်းကို ထောက်ပံ့ကူညီ သွားမည် ဖြစ်ပြီး မြန်မာ နိုင်ငံ ၏ လိုအပ်ချက်အပေါ်မူတည်၍ ဆက်လက်၍လည်း ထောက်ပံ့ကူညီ သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထိုနောက်တွင်သံအမတ်ကြီး က တရုတ်-မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နှင့် ရင်းနှီးမြှုပ်နှံမှု များ အပေါ် သဘောထားအမြင်နှင့် ပတ်သက်၍ ပြောကြားရာတွင် တရုတ် နိုင်ငံ သည် မြန်မာ နိုင်ငံ ၏ အကြီးဆုံးသော ကုန်သွယ်မှု မိတ်ဘက်နိုင်ငံ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု အရလည်း အများဆုံး ဖြစ်ကြောင်း ၊ ပြီးခဲ့သည့် နှစ်တွင် တရုတ်-မြန်မာ ကုန်သွယ်မှု သည် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ အထက်ရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပိုင်း တွင် ငွေကြေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု မပါဘဲ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော် ရှိခဲ့ကြောင်း ၊ တရုတ် ယွမ်ငွေ သည် လက်ရှိချိန်တွင် အလွန်တည်ငြိမ်သည့် ငွေကြေး တစ်ခုဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ငွေကြေး ရံပုံငွေ အဖွဲ့ချုပ် ၏ SDR စာရင်းတွင်လည်း ရောက်ရှိခဲ့ပြီး ဖြစ်ကြောင်း ၊ ထို့ကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှု နှင့် စီးပွားရေး လုပ်ငန်း ဆိုင်ရာများတွင် အမေရိကန် ဒေါ်လာ အစား တရုတ် ယွမ်ငွေ ပြောင်းလဲအသုံးပြု ခြင်းဖြင့် မြန်မာနိုင်ငံ၏ ငွေကြေးဖွံ့ဖြိုး မှုကိုတွန်းအားပေးနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

နောက်ဆုံးတွင် တရုတ် နိုင်ငံ သံအမတ်ကြီး မှ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် နှစ်နိုင်ငံ ပြည်သူလူထု အကြား ရိုးရာချစ်ကြည်ဆက်ဆံရေး စဉ်ဆက်မပြတ် တိုးမြှင့်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)