ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) မြန်မာ-တရုတ် နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်း များမှအမေရိကန်ဒေါ်လာ ၈.၇၀၆ သန်းဖိုးရှိ ရော်ဘာ တန် ၆၃၃၀ ကျော် တင်ပို့ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ပေကျင်း၊ ဇန်နဝါရီလ ၁ ရက် (ဆင်ဟွာ) ၂၀၁၆ ခုနှစ်ကုန်ဆုံး၍ ၂၀၁၇ ခုနှစ်သို့ကူးပြောင်းသည့် ၂၀၁၆ ခုနှစ်ဒီဇင်ဘာလ ၃၁ ရက် ညဉ့် သန်းခေါင်ယံကာလတွင် ကမ္ဘာ တစ်ဝန်းရှိနိုင်ငံအများအပြား၏ မြို့ကြီးများ၌ပင် နှစ်သစ်ကိုကြို ဆိုသည့်အနေဖြင့်မီးရှုးမီးပန်း များပစ်ဖောက်ကာပျော်ပွဲရွှင်ပွဲ များပြုလုပ်ခဲ့ကြကြောင်းတွေ့ ရသည်။ (ဆင်ဟွာ)
ပေကျင်း ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ပြီးခဲ့သော နှစ်သစ်ကူးညက တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ နိုက်ကလပ်တစ်ခုတွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ် မှုကြောင့် အနည်းဆုံးလူ ၃၉ ဦးထက်မနည်း သေဆုံးခဲ့ရခြင်း အပေါ် ဝမ်းနည်ကြေကွဲကြောင်း တူရကီနိုင်ငံသမ္မတ Recep Tayyip Erdogan ထံ ဇန်နဝါရီလ...
အစ္စတန်ဘူလ် ၊ ဇန်နဝါရီ ၁ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ နာမည်ကျော်နိုက်ကလပ်တစ်ခုတွင် ၂ဝ၁၇ခုနှစ် ဇန်နဝါရီလ ၁ ရက် နံနက်အစောပိုင်းက အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူပေါင်း ၃၅ ဦးသေဆုံးပြီး အခြား ၄ဝ ဦးထိခိုက်ဒဏ်ရာရသွားကြောင်း အစ္စတန်ဘူလ်မြို့တော်ဝန် Vasip Sahin က ပြောသည်။ အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုကို...
ရန်ကုန် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ကော့သောင်းမြို့၏ အနောက်မြောက်ဘက် ရေမိုင် ၁၅ မိုင်ခန့်အကွာ၌ မြန်မာ့ရေပိုင်နက်အတွင်း တပ်မတော်(ရေ)မှ စစ်ရေယာဉ် တစ်စင်းသည် ပင်လယ်ပြင် လုံခြုံရေးဆောင်ရွက်စဉ် တရားမဝင်လှေ ၂ စင်းအား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်း ထုတ်ပြန်ခဲ့သည်။
ဆိုးလ် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) တောင်ကိုးရီးယားနိုင်ငံ၌ ပြီးခဲ့သော ရက်ပေါင်း ၅ဝ အတွင်း နိုင်ငံအတွင်း AI ငှက်တုပ်ကွေးရောဂါသည် လျင်လျင်မြန်မြန် အမြင့်ဆုံး ကူးစက်ပျံ့နှံ့နေသဖြင့် ကြက်ဘဲ ကောင်ရေ သန်း ၃ဝ ကျော်ကို သုတ်သင်ရှင်းလင်းခဲ့ရကြောင်း Yonhap သတင်းဌာနက ဇန်နဝါရီ ၃...
ကာရာကက်စ် ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ Amazonas ပြည်နယ်၌ Puerto Ayacucho မြို့မှ La Esmeralda မြို့သို့ဦးတည်ပျံသန်လာသော ရဟတ်ယာဉ်တစ်စင်းသည် ဒီဇင်ဘာလ ၃ဝ ရက်က ပျက်ကျသွားခဲ့ကြောင်း ဒေသဆိုင်ရာ အစိုးရအဖွဲ့က ဇန်နဝါရီလ ၂ ရက်တွင် အတည်ပြုပြောကြားလိုက်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၃ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးကျေးရွာရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ ပြည်သူ့ဝန်ထမ်းအကယ်ဒမီနှင့် ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဖွင့်လှစ်ပေးခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ပြည်မြို့အနီးရှိ သရေခေတ္တရာ ရှေးဟောင်းဇုန် အတွင်း ဇုန်ရှောင်လမ်း တစ်ခု ဖောက်လုပ်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂ရက် (ဆင်ဟွာ) ပုဏ္ဏားကျွန်းမြို့နယ် ရန်ကုန်-စစ်တွေကားလမ်း မိုင်တိုင်အမှတ် ၁၆၀ အနီး၌ ဇန်နဝါရီ ၁ ရက် ညနေပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ် ပြန်သည်။