Connect with us

Social

သရေခေတ္တရာ ရှေးဟောင်းဇုန်၊ ဇုန်ရှောင်လမ်းဖောက်မည်

သရေခေတ္တရာမြို့ဟောင်းအားတွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ပြည်မြို့အနီးရှိ သရေခေတ္တရာ ရှေးဟောင်းဇုန် အတွင်း ဇုန်ရှောင်လမ်း တစ်ခု ဖောက်လုပ်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

လက်ရှိလမ်းသည် ပြည်မြို့မှ ပေါက်ခေါင်းဘက်သို့ သွားရာ လမ်းကြောင်းပေါ်ရှိ ရှေးဟောင်းမြို့ အဝင် နဂါးတွန့် တံခါးပေါက် အနီးမှစတင်ပြီး တွင်းဗြဲကျေးရွာ အလွန်အထိ ရှိကြောင်း၊ ယခု အသစ်ဖောက် လုပ်မည့် ဇုန်ရှောင်လမ်း သည် ပြည်မြို့ ထန်းပေါက်အုပ်စု ငါးရွာအနီးမှ ပြည်မြို့ PTU အနီးသို့ ဖောက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

ဇုန်ရှောင်လမ်း ထပ်မံ ဖောက်လုပ်မည် ဖြစ်သော်လည်း လမ်းအဟောင်း အသုံးပြုမှုကို လုံးဝ ပိတ်သိမ်းမည် မဟုတ်ဘဲ ကျေးရွာသုံးလမ်း အဖြစ် ဆက်လက် ထားရှိမည်ဖြစ်ပြီး ယာဉ်ကြီးများ နှင့် အဝေးပြေးယာဉ် များသွားလာ ခွင့် ကိုသာ တားမြစ်မည် ဖြစ်ပြီး ယခု ဖောက်လုပ်မည့် ဇုန်ရှောင်လမ်း ကိုသာ အသုံးပြု သွားလာရမည် သည်။

သရေခေတ္တရာ ရှေးဟောင်းဇုန် သည် ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ရှေးဟောင်းဇုန် တစ်ခုဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.