Connect with us

Local

မြန်မာ-တရုတ် နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်း များမှ ရော်ဘာ တန် ၆၃၃၀ ကျော် တင်ပို့

ရော်ဘာစေးထုတ်ယူနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

မြန်မာ-တရုတ် နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်း များမှအမေရိကန်ဒေါ်လာ ၈.၇၀၆ သန်းဖိုးရှိ ရော်ဘာ တန် ၆၃၃၀ ကျော် တင်ပို့ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

အဆိုပါရော်ဘာ များကို ဒီဇင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ သီတင်းပတ်အတွင်း တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန် မာ -တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ RSS-3 ၂၇၃၉ တန်ကျော်၊ RSS-5 ၄၇၇ တန်ကျော်၊ MSR 20 တန် ၃၅၀၊ MSR 50 ၂၇၅ တန်ကျော်နဲ့ ရော်ဘာဖြတ်စ ၄၈ တန်ကျော်၊ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ RSS 1 ၁၈ တန်ခန့်၊ RSS 3 တန် ၁၂၈၁ တန်၊ RSS 5 ၆၅၄ တန် ၊MSR 20 ၉၇ တန် ကျော်နဲ့ MSR 50 ၁၂၂ တန်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ရော်ဘာစိမ်း ၂၆၈ တန် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၃၆၇၆ တန်ခန့်သာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ၂၆၅၄တန် ပိုမိုတင်ပို့ နိုင်ခဲ့ကြောင်းသိရသည်။

ယခုတစ်ပတ်မှာ မူဆယ်ကုန်စည်ဒိုင်ရဲ့ ရော်ဘာဈေး ထပ်မံမြင့်တက်လာကြောင်း၊ RSS 3 တစ်တန်ကို ကျပ် ၂၁ . ၆၇ သိန်းရှိပြီး ယခင်တစ်ပတ်ထက် တစ်တန်ကို ကျပ် ၂၃၇,၀၀၀ ဈေးတက်လာခဲ့ကြောင်း သိရသည်။ RSS 5 တစ်တန် ကို ကျပ် ၂၀ .၉၂၈ သိန်းရှိပြီး ယခင်တစ်ပတ်ထက် တစ်တန်ကို ကျပ် ၂၆၉၀၀၀ ဈေးတက်လာကြောင်း သိရသည်။

ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ယခုတစ်ပတ်ရော်ဘာ တင်ပို့မှု မရှိသော်လည်း နိုင်ငံတကာ ရော် ဘာပေါက်ဈေးမှာ ယခင်တစ်ပတ်ထက် တစ်တန်ကို ဒေါ်လာ ၂၅၀ကျော် တက်လာကြောင်းသိရှိရပါတယ်။ ထို့ကြောင့် မြန်မာ့ရော်ဘာလည်း ဈေးတက်လာပြီး မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းက ထုတ်ပြန်ထားသည့် ပြည်ပပို့မယ့် မြန်မာ့ရော်ဘာ ဈေးများမှာ RSS 1 တစ်တန်လျှင် ဒေါ်လာ ၂၀၅၀-၂၁၅၀၊ RSS 2တစ်တန်လျှင် ဒေါ်လာ၂၀၀၀-၂၁၀၀၊ RSS 3 တစ်တန်လျှင် ဒေါ်လာ ၁၉၅၀-၂၀၅၀၊ RSS 4 တစ်တန် လျှင် ဒေါ်လာ ၁၉၀၀- ၂၀၀၀၊ RSS 5 တစ်တန်လျှင် ဒေါ်လာ ၁၈၅၀-၁၉၅၀၊ MSR 3L တစ်တန်လျှင် ဒေါ်လာ ၂၂၀၀ – ၂၃၀၀ ၊ MSR 10 တစ်တန်လျှင် ဒေါ်လာ ၁၉၅၀-၂၀၅၀၊ MSR 20 တစ်တန်လျှင် ဒေါ်လာ ၁၉၀၀-၂၀၀၀၊ MSR 50 တစ်တန် လျှင် ဒေါ်လာ ၁၈၀၀-၁၉၀၀၊ Crepe Rubber တစ် တန်လျှင် ဒေါ်လာ ၁၇၅၀-၁၈၅၀တို့ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.