Connect with us

Asia

တောင်ကိုးရီးယား၌ ရက်ပေါင်း ၅ဝ အတွင်း AI ငှက်တုပ်ကွေးကူးစက်ခံရသော ကြက်ဘဲ ကောင်ရေ သန်း ၃ဝ ကျော်ကို သုတ်သင်ခဲ့

တောင်ကိုးရီးယားနိုင်ငံ၌ AI ရောဂါကူးစက်ခံထားရသော ကြက်များအား သုတ်သင်ရှင်းလင်းနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ဆိုးလ် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)

တောင်ကိုးရီးယားနိုင်ငံ၌ ပြီးခဲ့သော ရက်ပေါင်း ၅ဝ အတွင်း နိုင်ငံအတွင်း AI ငှက်တုပ်ကွေးရောဂါသည် လျင်လျင်မြန်မြန် အမြင့်ဆုံး ကူးစက်ပျံ့နှံ့နေသဖြင့် ကြက်ဘဲ ကောင်ရေ သန်း ၃ဝ ကျော်ကို သုတ်သင်ရှင်းလင်းခဲ့ရကြောင်း Yonhap သတင်းဌာနက ဇန်နဝါရီ ၃ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ပြီးခဲ့သော နိုဝင်ဘာလ ၁၆ ရက်မှ စတင်ကာ တောင်ကိုးရီးယားနိုင်ငံ တောင်Jeolla ပြည်နယ်၊ Haenam မြို့ရှိ လယ်ယာမြေတွင် ပထမဆုံး ငှက်တုပ်ကွေးရောဂါကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်းရှိ ငှက်တုပ်ကွေးကူးစက်ခံရမှုကြောင့် ဇန်နဝါရီလ ၃ ရက်ထိ သုတ်သင်ရှင်းလင်းခဲ့သော ကြက်ဘဲကောင်ရေမှာ ၃ဝ.၃၃ သန်းထိ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပမာဏသည် တောင်ကိုးရီးယားနိုင်ငံ၌ မွေးမြူထားသော ကြက်ဘဲကောင်ရေ ၁၆၅.၂၅သန်းမှ ၂ဝ ရာခိုင်နှုန်းအထိ ရှိနိုင်ကြောင်း သိရသည်။ ငှက်တုပ်ကွေးရောဂါသည် တောင်ကိုးရီးယားနိုင်ငံ၌ လျင်လျင်မြန်မြန်ဖြင့် ကူးစက်ပျံ့နှံ့နေသော်လည်း ပြီးသောခဲ့ရက်သတ္တပတ်က ကူးစက်မှု အရှိန်အနည်းငယ် ကျဆင်းခဲ့သည်။ ရောဂါကူးစက်မှုကာလအတွင်း ကြက်ဘဲကောင်ရေ ၃.၈၄ သန်းအထိ ကူးစက်ပျံ့နှံ့ခဲ့ကြောင်း(သို့မဟုတ်) ထိတွေ့မှုကြောင့် ကူးစက်ခံရမှု စုစုပေါင်း ၁၂.၈ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း သိရသည်။

တောင်ကိုးရီးယားနိုင်ငံ၌ ၂ဝ၁၄ ခုနှစ်က AI ငှက်တုပ်ကွေးရောဂါသည် ရက်ပေါင်း ၁၉၅ ရက်ကူးစက်ပျံ့နှံ့ခဲ့ရာ ယင်းကာလအတွင်း ကြက်ဘဲ ကောင်ရေ ၁၃.၉၆ သန်းကို သုတ်သင်ရှင်းလင်းခဲ့ရသည်။

တောင်ကိုးရီးယားနိုင်ငံ၌ AI ငှက်တုပ်ကွေး ပြဿနာသည် အဆင့် ၄ ဆင့်တွင် အမြင့်ဆုံး အဆင့်သို့ရောက်ရှိနေကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက သတိပေးထားသည်။

နိုင်ငံအတွင်း၌ ဥစားကြက်ကောင်ရေ ၂၂.၄၅ သန်း (သို့မဟုတ်) ကြက်ကောင်ရေအားလုံး၏ ၃၂.၁ ရာခိုင်နှုန်းအထိ ရှိနေရာ H5N6 ဗိုင်းရက်စ်ကူးစက်ခံရခြင်းကြောင့် မကြာသေးခင်က ကာလအတွင်း ကြက်ဥဈေးနှုန်းမြင့်တက်ခဲ့ရသည်။

ဥစားကြက်အတွက် ၆ လကျော်အထိ အချိန်ယူရသဖြင့် တောင်ကိုးရီးယားနိုင်ငံအတွင်းရှိ ကြက်ဥဈေး မြင့်မားနေသော အနေအထားမှာ ဆက်လက် တည်ရှိနေနိုင်ကြောင်း ခန့်မှန်းထားကြသည်။ (XINHUA)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.