ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်းအင်အားအနည်းငယ်နှင့် အသင့်အတင့်ရှိ မြေငလျင်များအကြိမ် (၇၀) ခန့် လှုပ်ခတ်ခဲ့ပြီးနိုဝင်ဘာလ၊ ဒီဇင်ဘာလနှင့် ယခုဇန်နဝါရီလတို့တွင် မကြာခဏ လှုပ်ခတ်လျက်ရှိသဖြင့်ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ သတိပြုနေထိုင်ရန် လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ သတိပေးချက် ထုတ်ပြန်ခဲ့သည်။
နယူးဒေလီ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း ကာနတ်တကာပြည်နယ်တွင် ဇန်နဝါရီလ ၁၃ ရက်က ခရီးသည်တင် ဘတ်စ်ကား တစ်စီးသည် တံတားပေါ်မှချော်ကျကာ ရေအိုင်အတွင်းသို့ ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၈ ဦး သေဆုံး၍ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က...
ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့၏ အရှေ့တောင်ဘက် ၂မိုင် ခန့် အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုယနေ့မွန်းလွဲပိုင်းတွင် လှုပ်ရှားခဲ့ပြီး အဆိုပါငလျင် အား ရန်ကုန်မြို့တွင် ခံစားခဲ့ရကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ...
ဝါရှင်တန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) အီရန်နိုင်ငံအပေါ် ၂၀၁၅ ခုနှစ် နျူကလီယား သဘောတူစာချုပ်အရ ပိတ်ဆို့မှုများ သက်သာခွင့်အား အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က သက်တမ်းတိုးလိုက်ပြီး ယင်းသည် နောက်ဆုံးသက်သာခွင့် ဖြစ်သည်ဟု သတိပေးလိုက်ကြောင်း ဇန်နဝါရီလ ၁၂ ရက်တွင် ထရမ့်အစိုးရ အဆင့်မြင့်အရာရှိများက ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ကလောမြို့တွင် ငွေကျပ် သိန်း ၁,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ ၁၈း၀၀ နာရီ အချိန်မှ ဇန်နဝါရီလ ၁၂ ရက်နေ့ ၁ရး၀၀ နာရီ အချိန်ထိ နာရီပေါင်း ၂၃ နာရီအတွင်း အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက်ကျော်လွန်သည့် မော်တော်ယာဉ် ၇၃...
ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) နမ့်ခမ်းမြို့နယ် မူဆယ်-နမ့်ခမ်းသွားကားလမ်းမကြီးဘေး၌ ရှေ့ထွက်မိုင်းနှစ်လုံးတွေ့ရှိခဲ့ကြောင်း တပ်မတော်ဘက်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကိုလံဘို၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ တောင်ပိုင်း Marata မြို့တွင် တရုတ်နိုင်ငံ တည်ဆောက်ပေးသော Marata-Kataragama ရထားလမ်းချဲ့ထွင်ခြင်း စီမံကိန်း၏ ပထမအဆင့် လမ်းခင်းခြင်းလုပ်ငန်း စတင်ပြီဖြစ်ကြောင်း သိရသည်။
ဝါရှင်တန်၊ ဇန်နဝါရီ ၁၂၊(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် က၎င်း၏ ဗြိတိန်နိုင်ငံခရီးစဉ်ကို ဖျက်သိမ်းလိုက်ခြင်းမှာ ၎င်းအားလူစုလူဝေးဆန္ဒပြမှုများနှင့် ကြုံတွေ့ရမည်ကို စိုးရိမ်ကြောက်လန့်၍ ဖြစ်ကြောင်း အမေရိကန်နိုင်ငံရေး ကျွမ်းကျင်သူများက ဆင်ဟွာသတင်းဌာန သို့ပြောကြားခဲ့ကြသည်။
ပေကျင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ ဒုတိယအကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးအား တရုတ်နိုင်ငံ မြို့တော် ပေကျင်း၌ ဇန်နဝါရီလ ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို...