နေပြည်တော်၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲစာရင်း ပြုစုခြင်း လုပ်ငန်းကို ၂၀၁၉ ဇန်နဝါရီလမှ စပြီး ဆောင်ရွက်မည်ဖြစ်ပြီး မဲစာရင်း မှန်ကန်ရေးအတွက် ၂၀၁၉ တစ်နှစ်တာလုံး အလေးထား ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက...
ပေကျင်း၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံပေကျင်းရှိ မုန့်ဆိုင်တစ်ဆိုင်တွင် မျက်နှာမှတ်စနစ်ကိုအသုံးပြုကာ ငွေပေးချေနိုင်ပြီဖြစ်သည်။ ထိုစနစ်ကိုအသုံးပြုခြင်းအားဖြင့် ဝယ်သူမှာစက္ကန့်ပိုင်းအတွင်းငွေပေးချေနိုင်ကာ လွယ်ကူလျင်မြန်မှုရှိသည်။ Alipay စနစ်မှ ထောက်ပံ့မှုပြုထားသည့် မျက်နှာမှတ်ငွေပေးချေမှုစနစ်ကိုအသုံးပြုရန် နည်းလမ်းမှာရိုးရှင်းပြီး မိမိ၏ အကောင့် ကို ရိုက်ထည့်ကာမျက်နှာကို scan ဖတ်ရုံဖြင့် ကျသင့်ငွေကို မိမိအကောင့်မှ တစ်ဆင့်အလိုအလျောက်ဖြတ်တောက်သွားမည်ဖြစ်ပြီးငွေပေးချေခြင်းလုပ်ငန်းပြီးစီးပြီဖြစ်သည်။ ငွေသားကိုင်ဆောင်ထားရှိစရာမလိုဘဲ...
ပေကျင်း၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ တွင် အလိုအလျောက်စနစ်သုံး တစ်နာရီလျင် ၃၅ဝ ကီလိုမီတာ အမြန်နှုန်း ဖြင့်ပြေးဆွဲမည့် မြန်နှုန်းမြင့်ရထားများကို ၂ဝ၂၂ ခုနှစ် အိုလံပစ်ပြိုင်ပွဲများ ကျင်းပချိန်တွင် သွားလာဆက်သွယ်ရေး အဆင်ပြေစေရန် မြန်ဆန်စေရန် ရည်ရွယ်ချက်ဖြင့်ပြေးဆွဲသွားနိုင်စေမည့် စမ်းသပ်မှုများအောင်မြင်ပြီ ဖြစ်ကြောင်းသိရသည်။ အလိုအလျောက်စနစ်ဖြင့် အချိန်ကိုက် ထွက်ခွါရပ်နားမည့်အပြင်...
ဘဂ္ဂဒက်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို (Mike Pompeo) သည် အီရတ်ခေါင်းဆောင်များနှင့် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးရန် အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်သို့ ရောက်ရှိလာခဲ့ကြောင်း အီရတ်နိုင်ငံပိုင် ရုပ်မြင်သံကြားက ဇန်နဝါရီလ ၉ ရက်တွင် သတင်းဖော်ပြထားသည်။
ထရီပိုလီ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံရှိ လခြမ်းနီ အဖွဲ့အစည်းသည် ဇန်နဝါရီလ ၉ ရက်နေ့တွင် ရွှေ့ပြောင်းနေထိုင်သူ ၅ဦး ၏ ရုပ်အလောင်းများကို လစ်ဗျားနိုင်ငံ၏ မြို့တော် ထရီပိုလီမြို့၏ အရှေ့ဘက် ကီလိုမီတာ ၄၅၀ အကွာ၊ ဆာတီမြို့၏ ကမ်းခြေတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) ဗင်နီဇွဲလား လူပုဂ္ဂိုလ် ၇ ဦးနှင့် ကုမ္ပဏီလုပ်ငန်း အဖွဲ့ ၂၃ ခုကို ပိတ်ဆို့မှုများပြုလုပ်လိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၈ ရက်တွင် ကြေညာခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) မြန်မာ-လာအို နှစ်နိုင်ငံ ကုန်သွယ်မှု၊ရင်းနှီးမြှုပ်နှံမှုများအား ယနေ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် မြန်မာနိုင်ငံဆိုင်ရာ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Lyying Sayaxang တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သောသတင်းအရ...
ဂျိုဟန်နက်စ်ဘာ့ဂ်၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားမြို့ Mountain View ဘူတာတွင် ဇန်နဝါရီ ၈ ရက်က ခရီးသည်တင် ရထားချင်းတိုက်မိမှုဖြစ်ပွားရာ လက်ရှိအချိန်ထိ အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး လူ ၃၀၀ ခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဆိုးလ်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းမှာ ၁၇ နှစ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့ပြီး အလုပ်အကိုင်ဖန်တီးနိုင်မှု တိုးတက်ခြင်းအနေဖြင့် ကိုးနှစ်ဆက်တိုက်နိမ့်ကျနေကြောင်း ဇန်နဝါရီလ ၉ ရက်တွင် ထုတ်ပြန်လိုက်သော အစိုးရ အစီရင်ခံစာ၌ ဖော်ပြထားသည်။