ရန်ကုန် ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) တရုတ်-မြန်မာ ချစ်ကြည်ရေး တံတား (သန်လျင်တံတား) တည်ဆောက်ရေး တွင် ပါဝင် ခဲ့ကြသည့် တရုတ် နိုင်ငံ ပညာရှင်များ သည်ဇန်နဝါရီ ၇ ရက် နေ့လယ်ပိုင်းက သာကေတ မြို့နယ် ရှု့ခင်းသာလမ်း ရှိ တံတားအထူးအဖွဲ့(၁၁)ရုံး...
နေပြည်တော်၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) AA သောင်းကျန်းသူအဖွဲ့နှင့် ပတ်သက်ပြီး အစိုးရအဖွဲ့နှင့် တပ်မတော်တို့၏ အမြင်မှာ တစ်သဘော တည်း ရှိကြောင်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးဝိုင်းကို အမြဲတမ်း တံခါးဖွင့်ထားကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာများကို ယနေ့ ညနေပိုင်း၌ ဖြေကြားခဲ့သည်။
တီဟီရန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) အီရန် နှင့် ရုရှား ရေတပ်တို့သည် ကက်စပီယန်ပင်လယ်အတွင်းတွင် ပူးတွဲ၍ စစ်ရေးလေ့ကျင့်ရန် စီစဉ်လျက်ရှိကြောင်း အီရန်ရေတပ်မှ တပ်မှူးကြီးတစ်ဦး ဇန်နဝါရီလ ၆ ရက်နေ့တွင်ပြောသည်။
လီဘရီဗယ်လီ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ဂါဘွန်နိုင်ငံတွင် စစ်တပ်အရာရှိများသည် ဇန်နဝါရီ ၇ ရက် အစောပိုင်းတွင် နိုင်ငံပိုင် အသံလွှင့်ဌာန အား သိမ်းပိုက်ပြီး နိုင်ငံတော်ကောင်စီ တစ်ရပ် ထူထောင်ကြောင်း ကြေညာခဲ့သည်ကို ပြည်တွင်းသတင်း၌ ဖော်ပြခဲ့သည်။
ဆစ်ဒနီ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ၂၀၁၈ခုနှစ် အောက်တိုဘာက စမ်းသပ်ကာလအဖြစ် ကမ္ဘာ့ပထမဆုံး ကင်မရာများအသုံးပြု၍ ကားမောင်းရင်း လက်ကိုင်ဖုန်းအသုံးပြုသူ ၁၁,၀၀၀ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီးနောက် ယင်းနည်းပညာအား ဇန်နဝါရီ ၇ ရက်မှစ၍ ဆစ်ဒနီမြို့ နေရာတစ်ချို့တွင် အမြဲတမ်းတပ်ဆင်အသုံးပြုကာ ကားမောင်းရင်း ဖုန်းအသုံးပြုသူများကို ဖမ်းဆီးသွားမည်ဖြစ်ကြောင်း...
ဝါရှင်တန် ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) အမေရိကန်-မြောက်ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင် ဒုတိအကြိမ်တွေ့ဆုံမည့်နေရာကို ဆွေးနွေး နေဆဲဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၆ ရက်တွင် သတင်းထောက်များ အား ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေရှိနိုင်သဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ကြောင်းမိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ချုံကျင်း၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကျင်းရှိ Yunyang Longgang Geological ဥယျာဉ်တွင် မြေပြင်အထက် မီတာ ၆ဝဝ ကျော်ရှိ တောင်စောင်းနှစ်ခုအကြားကို ဖြတ်သန်းသွယ်တန်းထားသော ရောင်စုံ ကြိုးတံတားလျှောက်လမ်း ကို အများပြည်သူသွားလာနိုင်ရန်ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ရောင်စုံ လျှောက်လမ်း၏ အရှည်မှာ ၆ဝ...
ပေကျင်း၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းမြို့တွင် ဆောက်လုပ်လျက်ရှိသည့် ပေကျင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးကို လာမည့် စက်တင်ဘာလတွင် စတင် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ Beijing Daxing International airport ကို ပေကျင်းမြို့၏ တောင်ဘက် ၄၆ ကီလိုမီတာအကွာတွင်...
တိုကျို၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးစီရင်စုတွင် ဇန်နဝါရီ ၆ရက်က ဆီးနှင်းများ ထူထပ်စွာကျဆင်းမှုကြောင့် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခဲ့ရ၍ အဓိက လေဆိပ်တစ်ခု၌် ခရီးသည် ၂,၀၀၀ ခန့် တစ်ညလုံးသောင်တင်နေကြောင်း ပြည်တွင်း သတင်းတစ်ခုကဖော်ပြခဲ့သည်။