Connect with us

Social

တရုတ်-မြန်မာ ချစ်ကြည်ရေး တံတား (သန်လျင်တံတား) တည်ဆောက်ရေး တွင် ပါဝင် ခဲ့ကြသည့် နှစ်နိုင်ငံ ပညာရှင်များ ခင်မင်ရင်းနှီးစွာ ပြန်လည်ဆုံတွေ့


ရန်ကုန် ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ ချစ်ကြည်ရေး တံတား (သန်လျင်တံတား) တည်ဆောက်ရေး တွင် ပါဝင် ခဲ့ကြသည့် တရုတ် နိုင်ငံ ပညာရှင်များ သည်ဇန်နဝါရီ ၇ ရက် နေ့လယ်ပိုင်းက သာကေတ မြို့နယ် ရှု့ခင်းသာလမ်း ရှိ တံတားအထူးအဖွဲ့(၁၁)ရုံး သို့ သွားရောက် ခဲ့ပြီး တည်ဆောက်ရေး တွင်ပါဝင်ခဲ့ကြသည့် မြန်မာ နိုင်ငံ ပညာရှင်များ နှင့် ခင်မင်ရင်းနှီးစွာ ပြန်လည် တွေ့ဆုံကာ တံတား တည်ဆောက်စဉ် ကြုံတွေ့ခဲ့ရသည့် အမှတ်တရ များအား ပြန်လည် ပြောဆို ဆွေးနွေး ခဲ့ကြသည်။

တွေ့ဆုံပွဲ သို့ တံတားတည်ဆောက်စဉ် ပါဝင် ခဲ့ကြသည့် တရုတ်-မြန်မာ နှစ်နိုင်ငံ မှ ပညာရှင်များ ၊ တံတား တည်ဆောက်ရေး တွင် ပါဝင် ခဲ့ကြသည့် မြန်မာ နိုင်ငံ မှ ဝန်ထမ်းများ ၊ သက်ဆိုင်ရာ ကဏ္ဍအသီးသီး မှ ပုဂ္ဂိုလ်များ နှင့် အစိုးရ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရာက် ခဲ့ကြသည်။ အခမ်းအနား မစတင်မီ သန်လျင်တံတား တည်ဆောက်ရေးတွင် ပါဝင်ခဲ့ကြသော တရုတ်-မြန်မာ နှစ်နိုင်ငံ ပညာရှင်များ က တံတားပေါ် သို့ ဦးစွာ သွားရောက်၍ ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

တရုတ်-မြန်မာ ချစ်ကြည်ရေး တံတား (သန်လျင်တံတား) တည်ဆောက်ရေး တွင် ပါဝင် ခဲ့ကြသည့် နှစ်နိုင်ငံ ပညာရှင်များ ပြန်လည် တွေ့စုံစဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ ချစ်ကြည်ရေး တံတား (သန်လျင်တံတား) တည်ဆောက်ရေး တွင် ပါဝင် ခဲ့ကြသည့် နှစ်နိုင်ငံ ပညာရှင်များ ပြန်လည် တွေ့စုံစဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ ချစ်ကြည်ရေး တံတား (သန်လျင်တံတား) တည်ဆောက်ရေး တွင် ပါဝင် ခဲ့ကြသည့် နှစ်နိုင်ငံ ပညာရှင်များ ပြန်လည် တွေ့စုံစဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ ချစ်ကြည်ရေး တံတား (သန်လျင်တံတား) တည်ဆောက်ရေး တွင် ပါဝင် ခဲ့ကြသည့် နှစ်နိုင်ငံ ပညာရှင်များ ပြန်လည် တွေ့စုံစဉ်(ဆင်ဟွာ)

ထို့နောက် နှစ်နိုင်ငံ ပညာရှင်များ က အမှာစကားပြောကြားရာတွင် တံတားတည်ဆောက်စဉ် အမှတ်တရများ ၊ အတူတကွ အနီးကပ် ပူးပေါင်းဆောင်ရွက်မှုများ ၊ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နှင့် အနာဂတ် မျှော်လင့်ချက် များနှင့် ပတ်သက်၍ အသီးသီး ထည့်သွင်းပြောကြား ခဲ့ကြသည်။ အခမ်းအနား တက်ရောက် ခဲ့သည့် မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး မစ္စတာ ရန်ဆုံကျိန်း (Mr.Yang Shouzheng) က အမှာစကားပြောကြားရာတွင် သန်လျင်တံတား သည် တရုတ် နိုင်ငံ အစိုးရ မှ မြန်မာ နိုင်ငံ အား ကူညီတည်ဆောက်ပေးခဲ့သည့် တံတား တစ်စင်း ဖြစ်ပြီး ထိုစဉ်က တရုတ် နိုင်ငံ အစိုးရ မှ မြန်မာ နိုင်ငံ အစိုးရ အား ကူညီထောက်ပံ့ပေး ခဲ့သည့် အကြီးဆုံး စီမံကိန်း တစ်ခု ဖြစ်ကြောင်း ၊ တံတားတည်ဆောက် ပြီးစီးချိန်တွင်လည်း နှစ်နိုင်ငံ ချစ်ကြည်ရေး တံတား သည် အရှေ့တောင်အာရှ ဒေသ ၏ အကြီးဆုံးသော ကားလမ်း နှင့် ရထားလမ်း ပေါင်းစပ် ထားသည့် တံတား တစ်စင်း ဖြစ်ခဲ့ကြောင်း ၊ တံတား တည်ဆောက်စဉ် အချိန်ကာလ တွင်လည်း နှစ်နိုင်ငံ ပညာရှင်များ က နက်ရှိုင်းသည့် ချစ်ကြည်ဆက်ဆံရေး ကို တည်ဆောက် နိုင်ခဲ့ပြီး နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ၏ သမိုင်း မှတ်တိုင်သစ် တစ်ခု ထူထောင်နိုင်ခဲ့ကြောင်း ၊ သန်လျင် တံတား တည်ဆောက်ရေး စီမံကိန်းသည် မြန်မာ နိုင်ငံ တံတား တည်ဆောက်ရေး ကဏ္ဍ အတွက် ပညာရှင်များစွာ မွေးထုတ်ပေးနိုင်ခဲ့ပြီး မြန်မာ နိုင်ငံ တံတား တည်ဆောက်မှု အဆင့်အတန်း ကိုလည်း မြှင့်တင်ပေးနိုင်ခဲ့ကြောင်း ၊ တံတား တည်ဆောက်ပြီးစီးချိန်တွင် မြန်မာ နိုင်ငံ လမ်းပန်းဆက်သွယ်ရေး အတွက် များစွာ အဆင်ပြေစေခဲ့ပြီး သန်လျင် တံတား က လက်ရှိချိန်ထိ ရန်ကုန်မြို့ နှင့် သန်လျင်မြို့ အား ဆက်သွယ်ပေးထားသည့် အရေးပါသော တံတား တစ်စင်း ဖြစ်နေဆဲ ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ အနေဖြင့် ရှေ့ဆက်၍လည်း သန်လျင် တံတား ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း တွင် အတူတကွ ပူးပေါင်းပါဝင်သွားလိုကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး မစ္စတာ ရန်ဆုံကျိန်း (Mr.Yang Shouzheng) က အမှာစကားပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ China Railway Major Bridge Engineering Group Co.,LTD ( MBEC ) မှ ဒုတိယ အထွေထွေ မန်နေဂျာ မစ္စတာ ဟွမ်ကျိကျင်း (Mr.Huang Zhijin) က MBEC အနေဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတား (သန်လျင် တံတား ) တည်ဆောက်ရေး တွင် ပါဝင်ခွင့် ရရှိခဲ့ပြီး လက်ရှိချိန် တွင် တံတား သည် နှစ်ပေါင်း ၂၅ နှစ်ကျော် အသုံပြုခဲ့ပြီး ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် တံတား အား ဘက်စုံပြန်လည် စစ်ဆေးမှုများ ဆောင်ရွက်သင့်ပြီး လိုအပ်သော ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်သင့်ကြောင်း ၊ MBEC အနေဖြင့် တံတား ပြန်လည် ပြုလုပ်ထိန်းသိမ်းမှု အပိုင်းတွင် လိုအပ်သည့် အခန်းကဏ္ဍ ၌ ပါဝင် ကူညီသွားရန် အသင့်ရှိကြောင်း ၊ လက်ရှိချိန်တွင် မြန်မာ နိုင်ငံ စီးပွားရေး သည် အရှိန်အဟုန် မြင့်စွာ ဖွံ့ဖြိုးတိုးတက်နေပြီး MBEC အနေဖြင့် မြန်မာ နိုင်ငံ အခြေခံ အဆောက်အဦ တည်ဆောက်မှုအပိုင်း တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက် သွားလိုကြောင်း ပြောကြား ခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတား (သန်လျင် တံတား ) တည်ဆောက်ချိန်တွင် စီမံကိန်း ဒါရိုက်တာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးသန့်ဇင် အမှာစကားပြောကြားနေစဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတား (သန်လျင် တံတား ) တည်ဆောက်ချိန်တွင် စီမံကိန်း ဒါရိုက်တာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးသန့်ဇင် က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြားခဲ့ရာတွင် ယနေ့ တွေ့ဆုံပွဲတွင် ကာလရှည်ကြာစွာ အတူတကွ လုပ်ကိုင် ခဲ့သည့် တရုတ် နိုင်ငံ မှ ပညာရှင်များနှင့် ပြန်လည်စုံတွေ့ခွင့် ရသည့် အတွက် လွန်းစွာ ဝမ်းသာမိကြောင်း ၊ တစ်ချိန် က ညီအစ်ကို ကဲ့သို့ အတူနေထိုင်ခဲ့သည့် မိတ်ဆွေများ နှင့် ၂၅ နှစ် ကြာပြီးချိန် တွင် ပြန်လည် စုံေတွေ့ခွင့် ရသည့်အတွက် ဝမ်းသာပီတိ ဖြစ်မိကြောင်း ၊ တရုတ်-မြန်မာ ချစ်ကြည်ရေး အား သမိုင်း မှတ်တမ်း တွင် ကျန်ရှိစေရန် အတွက် နှစ်နိုင်ငံ ချစ်ကြည်ရေး တံတား အား ယခုနေရာ တွင် တရုတ် နိုင်ငံ မှ ကူညီ၍ အတူတကွ တည်ဆောက် ခဲ့ခြင်း ဖြစ်ကြောင်း ၊ ထိုချိန် မှ စတင် ယနေ့ချိန် အထိ မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်မှု အရှိန် မှာ ဆက်လက် တည်ရှိနေပြီး အနာဂတ် တွင်လည်း နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ ဆက်လက် တည်ရှိနေမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

သန်လျင် တံတား တည်ဆောက်ချိန်တွင် ပါဝင် ခဲ့သည့် တရုတ် နိုင်ငံ နည်းပညာ ပညာရှင် အဖွဲ့ ခေါင်းဆောင် လီကျုံးစိန်း (Li Zhongsheng) က အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

တံတား တည်ဆောက်ချိန်တွင် ပါဝင်ဆောင်ရွက်ခဲ့သည့် တရုတ် နိုင်ငံ နည်းပညာ ပညာရှင် အဖွဲ့ ခေါင်းဆောင် လီကျုံးစိန်း (Li Zhongsheng) က ဆင်ဟွာ သတင်းဌာန သို့ ပြောကြားရာတွင် မိမိ အနေဖြင့် ၁၉၈၇ ခုနှစ် တွင် မြန်မာ နိုင်ငံ သို့ လာရောက် ခဲ့ပြီး တံတား တည်ဆောက်ရေး လုပ်ငန်းတွင် အချိန် ၆ နှစ်ကြား ပူးပေါင်း ပါဝင် ဆောင်ရွက် ခဲ့ကြောင်း ၊ အခက်အခဲ နှင့် စိန်ခေါ်မှုများ နှင့် ကြုံတွေ့ချိန် တွင် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် တို့မှ အတူတကွ ဖြတ်ကျော်နိုင်ခဲ့သည့် ကိစ္စရပ်များ ကို လက်ရှိချိန်ထိ သတိရနေကြောင်း ၊ တရုတ်-မြန်မာ ချစ်ကြည်ရေး တံတား အား လက်ရှိချိန်တွင် စစ်ဆေးမှု နှင့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန် လိုအပ်လားခဲ့ပြီး ယင်းလုပ်ငန်းဆောင်ရွက်မှု နှင့် ပတ်သက်၍ နှစ်နိုင်ငံ ဆက်လက် ပူးပေါင်းဆောင်ရွက် သွားစေလိုကြောင်း ၊ အနာဂတ် တွင် နှစ်နိုင်ငံ ချစ်ကြည်ပူးပေါင်းဆောင်ရွက်မှုများ အား ဆက်လက်ထိန်းသိမ်းသွား ခြင်းဖြင့် အတူတကွ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားစေလိုကြောင်း ပြောကြား ခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတား (သန်လျင် တံတား ) တည်ဆောက်ချိန်တွင် ပါဝင် ခဲ့သည့် မြန်မာ နိုင်ငံ ပညာရှင် ဦးသင့်ဆွေ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ China Railway Major Bridge Engineering Group Co.,LTD ( MBEC ) မှ ဒုတိယ အထွေထွေ မန်နေဂျာ မစ္စတာ ဟွမ်ကျိကျင်း က အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆောက်လုပ်ရေး ဝန်ကြီးဌာန ၊ လမ်းတံတား ဦးစီးဌာန ၊ တံတား ပုံစံထုတ်ဌာန အင်ဂျင်နီယာချုပ် ဒေါ်သိန်းနု က အမှာစကားပြောကြားနေစဉ်(ဆင်ဟွာ)

သန်လျင် တံတား တည်ဆောက်ချိန်တွင် စီမံကိန်း ဒါရိုက်တာ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် ဦးသန့်ဇင် မှ ဆင်ဟွာ သတင်းဌာန မေးမြန်းမှု အား ဖြေကြားနေစဉ်(ဆင်ဟွာ)

သန်လျင် တံတား တည်ဆောက်ချိန်တွင် ပါဝင် ခဲ့သည့် တရုတ် နိုင်ငံ နည်းပညာ ပညာရှင် အဖွဲ့ ခေါင်းဆောင် လီကျုံးစိန်း မှ ဆင်ဟွာ သတင်းဌာန မေးမြန်းမှု အား ဖြေကြားနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆောက်လုပ်ရေး ဝန်ကြီးဌာန ၊ လမ်းတံတား ဦးစီးဌာန ၊ တံတား ပုံစံထုတ်ဌာန အင်ဂျင်နီယာချုပ် ဒေါ်သိန်းနု မှ ဆင်ဟွာ သတင်းဌာန မေးမြန်းမှု အား ဖြေကြားနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆောက်လုပ်ရေး ဝန်ကြီးဌာန ၊ လမ်းတံတား ဦးစီးဌာန ၊ တံတား ပုံစံထုတ်ဌာန အင်ဂျင်နီယာချုပ် ဒေါ်သိန်းနု က တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတား (သန်လျင် တံတား ) စီမံကိန်း တည်ဆောက်ခြင်းဖြင့် တရုတ် နိုင်ငံ က မြန်မာ နိုင်ငံ အင်ဂျင်နီယာ များအား တံတား တည်ဆောက်ခြင်း အတတ်ပညာ နှင့် ပတ်သက်၍ အသိပညာ များစွာ မျှဝေပေးနိုင်ခဲ့ပြီး တံတား အင်ဂျင်နီယာများ ပြန့်ပွားလာစေသည့် စီမံကိန်း တစ်ခုလည်း ဖြစ်စေခဲ့ကြောင်း ၊ ယနေ့တွင်လည်း တရုတ် နိုင်ငံ ပညာရှင်များ က တံတား အခြေအနေ လာရောက်ကြည့်ရှုခြင်း ၊ မိတ်ဆွေများ၏ အခြေအနေ တိုးတက်မှု ကို လာရောက် ကြည့်ရှုခြင်း ပြုလုပ်ပေးသည့် အတွက် လွန်စွာ ကြည်နူးမိကြောင်း ၊ တံတား တည်ဆောက်စဉ် အတွင်း တရုတ် နိုင်ငံ ပညာရှင်များ က နှစ်နိုင်ငံချစ်ကြည်ရေး ပီသစွာဖြင့် လုပ်ငန်း ကဏ္ဍ အဆင့်ဆင့်တိုင်းတွင် သင်တန်းပို့ချမှုများ အဆင့်ဆင့် ဆောင်ရွက်ပေးသွားခဲ့ပြီး မှတ်သားစရာ များစွာ ရရှိနိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ မှ မြန်မာ နိုင်ငံ အား တတိယ အကြိမ်မြောက် တံတားတည်ဆောက်ရေး ထပ်မံကူညီ ဆောင်ရွက်မှု တစ်ခု အနေဖြင့် ကွမ်လုံတံတားသစ် အား ကူညီတည်ဆောက်ပေးရန် မြန်မာ နိုင်ငံ ဆောက်လုပ်ရေး ဝန်ကြီးဌာန နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထား ခဲ့ပြီး သက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ စတင်ဆောင်ရွက်နေကာ အဆိုပါ ဝမ်းမြောက်ဖွယ်သတင်းအား ပြောကြား လိုကြောင်း ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့သည်။ တရုတ်-မြန်မာ ချစ်ကြည်ရေး တံတား (သန်လျင်တံတား) အား ၁၉၈၆ ခုနှစ် အောက်တိုဘာလ က စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ၁၉၉၃ ခုနှစ် ဇူလိုင်လ ၃၁ ရက် တွင် စတင်အသုံးပြုနိုင်ခဲ့ကြောင်း ၊ သန်လျင်တံတား တည်ဆောက်ရန် တရုတ် နိုင်ငံ မှ ကျွမ်းကျင် ပညာရှင် ၁၅၀ ကျော် က မြန်မာ နိုင်ငံ သို့လာရောက်ကူညီခဲ့ပြီး တံတား တည်ဆောက်ရေး ဆိုင်ရာ နည်းပညာ များကို သင်ကြားပို့ချမှုများ ပြုလုပ်ပေးခဲ့ကာ သတ်မှတ်ချိန်ထက် တစ်နှစ် ပိုမိုစောလျင်၍ တည်ဆောက်ပြီးစီး ခဲ့သည့် တံတား တစ်စင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)