ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)အောက်တိုဘာလထဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဈေးနှုန်းတည်ငြိမ်စေရန်အတွက် နေ့စဉ်အမေရိကန်ဒေါ်လာ ဝယ်ယူမှုများရှိနေသော်လည်း ဒေါ်လာဈေးမှာ ရက်ပိုင်းအတွင်း ၁၀ ကျပ်ခန့် ကျဆင်းခဲ့ကာ ဘဏ်များ၊ငွေလဲကောင်တာများတွင် အမေရိကန်ဒေါ်လာပြန်လည်ဝယ်ယူသည့်ဈေးသည် တစ်ဒေါ်လာလျှင်၁၂၉၅ကျပ်အထိ ကျဆင်းလာကြောင်း သိရသည်။
ရှင်းကျန်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Altay စီရင်စုရှိ Kanas ရှုမျှော်ခင်းနေရာရှိ သန့်ရှင်းသောရေကန်များ၊ ရေခဲမြစ်များ၊ သစ်တောများနှင့် မြက်ခင်းပြင်များက အမြင်တင့်တယ်စေပြီး ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်လျက်ရှိသည်။ Kanas ရေကန်က ယင်းနေရာ၏ ဆွဲဆောင်မှုအရှိဆုံးနေရာတစ်ခုဖြစ်သည်။ အဆိုပါ...
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ကျောက်မျက်အချောထည် ပူးပေါင်းစစ်ဆေးရေးစခန်း One Stop Service (OSS) လုပ်ငန်းစဉ်များအား ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၄ ရက်အထိ ယာယီရပ်နားရန်ညွှန်ကြားထားကြောင်း မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာဦးသက်ခိုင်က ဆင်ဟွာသို့ အောက်တိုဘာ ၉ ရက်တွင်ပြောသည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) မြန်မာတစ်နိုင်ငံလုံး အနယ်နယ်အရပ်ရပ်သို့ စာပို့ခြင်း၊ ပါဆယ်များပို့ခြင်းများအပါအဝင် မြန်မာ့စာတိုက်လုပ်ငန်း ၏ ဝန်ဆောင်မှုများသည် COVID-19 ကာလတွင် ပုံမှန်အတိုင်းဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊ သို့သော် လမ်းပန်းဆက်သွယ်ရေး အခြေအနေများကြောင့် ပုံမှန်ထက်နောက်ကျနိုင်ကြောင်း မြန်မာ့စာတိုက်လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခမ်းအောင် က ဆင်ဟွာသို့ အောက်တိုဘာ ၉...
ဆန်တီရာဂို၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ချီလီနိုင်ငံက သက်ကြီးစောင့်ရှောက်ရေးဂေဟာတချို့တွင် COVID-19 ပျံနှံ့မှုလျှော့ချရေးကန့်သတ်ချက်များကို ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ချီလီနိုင်ငံ သမ္မတကတော် Cecilia Morel က အောက်တိုဘာ ၈ ရက်နေ့တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး ထိုက်ချိပညာရှင်များအနက် တစ်ဦးဖြစ်သော Yang Dezhan ၏ ထိုက်ချိပြကွက်များကို အောက်ပါဗီဒီယိုတွင် ကြည့်ရှုနိုင်ပါသည်။ (Xinhua)
ဝါရှင်တန် ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံအစိုးရက အောက်တိုဘာ ၈ ရက်၌ အီရန်နိုင်ငံ၏ ဘဏ် ၁၈ ခုအား ပိတ်ဆို့အရေးယူမှုဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး အဆိုပါ ကြေညာချက်ထုတ်ပြန်ပြီးနောက်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး Zarif က အမေရိကန်နိုင်ငံ၏ ဆောင်ရွက်မှုအပေါ် အပြင်းအထန်ပြစ်တင်ဝေဖန်ကြောင်း ပြောကြားခဲ့သည်။
ဟနွိုင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း မိုးကြီး ရေလျှံမှုကြောင့် လူ ငါးဦးသေဆုံးပြီး အခြားသူ သုံးဦး ပျောက်ဆုံးနေကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဗဟိုဦးဆောင်ကော်မတီက ပြောကြားခဲ့သည်။
လန်ဒန် ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက လက်ရှိချိန်တွင် နိုင်ငံအတွင်း၌ COVID-19 ရောဂါ စစ်ဆေးမှုစင်တာပေါင်း ၅၀၀ ခု အားထူထောင်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်သူလူထုများ ပိုမိုလွယ်ကူချောမွေ့စွာ ရောဂါစစ်ဆေးနိုင်ရန်ဆောင်ရွက်ပေးခဲ့ကြောင်း အောက်တိုဘာ ၈ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာသစ် ၁,၀၁၂ ဦးတိုးလာကြောင်း ယနေ့(အောက်တိုဘာ ၈ ရက်) ညပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။